Sub-title:
အကြမ်းဖက်စစ်အုပ်စုမှ တီမောလက်စတေး သံရုံးယာယီတာဝန်ခံအား မြန်မာနိုင်ငံမှ နှင်ထုတ်ခြင်း နှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်
ဖော်ပြချက်/အကြောင်းအရာ:
"၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ကိုယ်စားမပြုသည့် တရားမဝင် အကြမ်းဖက် စစ်အုပ်စုသည် တီမောလက်စတေးနိုင်ငံတော်နှင့် ပြည်သူများအား ကိုယ်စားပြုလျက် မြန်မာနိုင်ငံတွင် သံတမန်ရေးရာ တာဝန်များထမ်းဆောင်နေသည့် သံရုံးယာယီတာဝန်ခံအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့ မတိုင်မီ မြန်မာနိုင်ငံမှ အပြီးထွက်ခွာသွားရန် ဖိအားပေးခဲ့ကြောင်း သိရှိရပါသည်။
၂။ နိုင်ငံတော်၏ အာဏာကို ဥပဒေဘောင်ပြင်ပမှ လက်နက်အားကိုးဖြင့် အဓမ္မ ရယူထားသော တရားမဝင် အဖွဲ့အစည်းအနေဖြင့် နိုင်ငံတော်၏ နိုင်ငံတကာ သံတမန်ဆက်ဆံရေးကိစ္စရပ်များအပေါ် ဆုံးဖြတ် ဆောင်ရွက်ခွင့် ရှိမည်မဟုတ်ပါကြောင်း သိစေအပ်ပါသည်။ နိုင်ငံတော်၏ နိုင်ငံတကာနှင့် သံတမန်ဆက်ဆံရေး ကိစ္စရပ်များအပေါ် ဆုံးဖြတ်ဆောင်ရွက်နိုင်သော အခွင့်အာဏာသည် မြန်မာ ပြည်သူလူထုနှင့် ၎င်းတို့မှ ရွေးကောက် တင်မြှောက်ထားသည့် တရားဝင်အစိုးရ၌သာ တည်ရှိပါသည်။ မြန်မာနိုင်ငံရှိ တီမောလက်စတေးသံရုံးမှ သံရုံးယာယီတာဝန်ခံအား ယခုကဲ့သို့ မြန်မာနိုင်ငံမှ နှင်ထုတ်ခြင်းမှာ တရားမဝင် အကြမ်းဖက်စစ်ကောင်စီ၏ ပြုမူနေကျဖြစ်သော မလျော်ကန်သည့် ဥပဒေမဲ့ပြုကျင့်မှုသာ ဖြစ်ပါသည်။
၃။ ဒီမိုကရေစီ အခြေခံမူဝါဒများနှင့် စံနှုန်းများ၊ တရားဥပဒေစိုးမိုးမှုနှင့် လူသားဂုဏ်သိက္ခာ တို့ကို တန်ဖိုးထားသည့် တီမောလက်စတေးနိုင်ငံ၏ ရပ်တည်ချက်အား အထူးလေးစား ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ၄င်းရပ်တည်ချက်သည် အများ စံနမူနာထားသင့်သည့် ရပ်တည်ချက်ဖြစ်ကြောင်းလည်း ဖော်ပြအပ်ပါသည်။
၄။ တီမောလက်စတေးနိုင်ငံ၏ မိတ်ဆွေကောင်းအဖြစ် ခိုင်မာမြဲမြံသည့် ရပ်တည်ချက်သည် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်သူလူထု၏ နှလုံးသားထဲ၌ နက်ရှိုင်းစွာ အစဉ်အမြဲ အမှတ်ရနေမည်ဖြစ်ပြီး၊ ကျေးဇူးတင်ကဗ္ဗည်း မြဲမြံစွာ မှတ်တမ်းတင်ရေးထိုးထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် ဖော်ပြအပ်ပါသည်။
၅။ ဒီမိုကရေစီအခြေခံမူများ၊ လူ့အခွင့်အရေးစံတန်ဘိုးများနှင့် လူသားချင်းစာနာထောက်ထားမှု များကို လေးစားတန်ဖိုးထားသည့် နိုင်ငံတကာအသိုင်းအဝိုင်းမှ အစိုးရအသီးသီးအနေဖြင့်လည်း တီမောလက်စတေးနိုင်ငံကဲ့သို့ မြန်မာပြည်သူလူထုနှင့် အတူရပ်တည်ပေးလျက် မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်း ပြန်လည်ရောက်ရှိရေးအတွက် ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးကြပါရန် မေတ္တာရပ်ခံပါ သည်။..."
ရင်းမြစ်:
Ministry of Foreign Affairs - Myanmar - NUG
Date of Publication:
2023-08-28
Date of entry:
2023-08-28
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
398.04 KB
Resource Type:
text
Text quality:
- Good
