ဖော်ပြချက်/အကြောင်းအရာ:
"လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)၊ ND-Burma မှ “အာဏာသိမ်းမှုအား ခုခံခြင်း” ဆိုသည့် ၆ လပတ်အစီရင်ခံစာထုတ်ပြန်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း မြန်မာစစ်အာဏာရှင်များ ကျူးလွန် သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တင်ပြထားသည်။ လွန်ခဲ့သည့် ၆ လအတွင်း စစ်အာဏာရှင်တို့ သည် ပြစ်ဒဏ်ခတ် အရေးယူခံရခြင်းမရှိဘဲ ထောင်နှင့်ချီသည့် အိုးအိမ်များအား မီးရှို့ဖျက်ဆီး၍ ပြည်သူများအား သတ်ဖြတ်နေသည်။ အကြမ်းဖက် ကျူးလွန်မှုများကြောင့် လူသားချင်းစာနာသည့် အကြပ်အတည်းများ ဖြစ်ပေါ်လျှက်ရှိပြီး သောင်းနှင့်ချီသည့် ပြည်သူများ စစ်ပြေးဒုက္ခသည်များအဖြစ် ထွက်ပြေးရကာ ဆင်းရဲကြပ်တည်းစွာ နေထိုင်ကြရသည်။
ND-Burma အဖွဲ့ဝင်များ လှုပ်ရှားနေသည့် ဒေသများတွင် ဆိုးရွားသည့် အကြမ်းဖက်မှုများကို မြန်မာ့တပ်မ တော် စစ်သားများက ကျူးလွန်နေသည်။ စစ်အာဏာရှင်တို့သည် ၎င်းတို့အား ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင် နေမှုအား ၎င်းတို့နားလည်သည့် တခုတည်းသောနည်းလမ်းဖြစ်သော အကြမ်းဖက်မှုဖြင့် တုန့်ပြန်သည့်အ တွက် ပြည်တွင်းပဋိပက္ခများ ပိုမိုများပြားလာသည်။ ထို့ကြောင့် ပြည်သူလူထု အများအပြားမှာ အဆက် မ ပြတ် အိုးအိမ်စွန့်ခွာထွက်ပြေးရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းဖြစ်ပေါ်စေသည့် အထောက် အထားများဖြစ်သည်။
စစ်အာဏာရှင်တို့မှ တမင်ရည်ရွယ်၍ ‘ကြောက်မက်ဖွယ် လမ်းကြောင်းသို့ တွန်းပို့နေသဖြင့်’ ၎င်းတို့အား လက်မခံသရွေ့ ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုများကို အာဏာရှင်တို့က ရပ်ဆိုင်းမည်မဟုတ်ပေ။
မြန်မာစစ်တပ်မှ ကျူးလွန်သည့် အတင်းအဓမ္မဖမ်းဆီးခြင်း၊ ညှဥ်းပန်းနှိပ် စက်ခြင်း၊ မုဒိန်းကျင့်ခြင်းနှင့် လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ပစ္စည်းဥစ္စာများ မတရားသိမ်းဆည်းခြင်း၊ လက်စတုန်းဖျောက်ဖျက်ခြင်း၊ သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှု၊ လူသားများအပေါ် ဆန့်ကျင်သည့်ပြစ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှု များကို ND-Burma အဖွဲ့ဝင်များမှ မှတ်တမ်းတင်ထားသည်။ စစ်အာဏာရှင်တို့ ကျူးလွန်သည့် ရာဇဝတ်မှု များအတွက် တာဝန်ယူ တာဝန်ခံရန်မှာ အချိန်ကြာမြင့်နေပြီဖြစ်သည်။
အရပ်သားပြည်သူများနေထိုင်ရာဒေသတွင် အကြမ်းဖက်ကျူးလွန်မှုများ ချက်ခြင်းရပ်တန့်ရန်နှင့် စစ်အာဏာရှင်တပ်များရုပ်သိမ်းရန် ND-Burma မှ တောင်းဆိုသည်။ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ASEAN အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနဖြင့် စစ်အာဏာရှင်များ တာဝန်ယူ တာဝန်ခံမှု ရှိလာစေရေးအတွက် လက်တွေ့ကျသည့် အရေးယူများ ချမှတ်ဆောင်ရွက် ရမည်ဖြစ်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံအပေါ် ချမှတ်သည့် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ရေးကို ND-Burma မှ ထောက်ခံကြိုဆိုပါသည်။ မြန်မာ့အခြေအနေအား နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန်နှင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ အမြန်ဆုံးရပ်ဆိုင်းရန်အတွက် စစ်အာဏာရှင်တို့အပေါ် သံတမန်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအရ ဖိအားပေး အရေးယူရန် တောင်းဆို ပါသည်။..."
ရင်းမြစ်:
Network for Human Rights Documentation - Burma
Date of Publication:
2022-07-28
Date of entry:
2022-07-28
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Resource Type:
text
Text quality:
- Good
