အကြမ်းဖက်စစ်အုပ်စု တာဝန်ခံရမည့် ရာဇဝတ်မှုခင်းများ

ဖော်ပြချက်/အကြောင်းအရာ: 

"နိုင်ငံတကာဥပဒေ၏ အခြေခံနှုန်းစံများအားဖေါက်ဖျက်သည့်ရာဇဝတ်မှုများအတွက် အကြမ်းဖက် စစ်အုပ်စုခေါင်းဆောင်များ၏ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေခြင်းကို တားဆီးရပ်တန့်ရန် ဤအစီရင်ခံစာက ရည်ရွယ်ပါသည်။ ပြည်သူလူထုကို တရားဝင်ကိုယ်စားပြုသော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သည် လက်ရှိတွင် ပြည်တွင်းတရားရုံးများကို လွတ်လပ်စွာ လုပ်ငန်းလည်ပတ်စေနိုင်သည့် အခြေအနေ မရှိသေးရာ၊ ရောမစာချုပ်၏ ပုဒ်မ ၁၂(၃) အရ နိုင်ငံတကာရာဇဝတ်ခုံရုံး တရားခွင်တွင် ICC ၏ စီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည့်အတွက်၊ ၂၀၀၂ ခုနှစ်မှ နောက်ပိုင်းကျူးလွန်ခဲ့သော ဖိနှိပ်ရက်စက်၊ သတ်ဖြတ် မှုများအတွက် ကျူးလွန်သူများအား တရားစွဲအပြစ်ပေးရန် ခုံရုံးက စီရင်ပိုင်ခွင့်ရှိမည် ဖြစ်ပါသည်။ ရောမစာချုပ်အရ အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်များအနေဖြင့် ၎င်းတို့ကိုယ်တိုင်ဖြစ်စေ (ပုဒ်မ ၂၅)၊ အခြားသူများကြောင့်ဖြစ်စေ(ပုဒ်မ ၂၈) ဖြစ်ပေါ်စေခဲ့သော အဆိုပါဖြစ်စဉ်များ အားလုံးတွင် ၎င်းတို့၏ လက်အောက်ငယ်သားများကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တာဝန်ခံကြရမည်ဟု အေအေပီပီက အခိုင် အမာယုံကြည်ပါသည်။..."

ရင်းမြစ်: 

Assistance Association for Political Prisoners

Date of Publication: 

2022-07-08

Date of entry: 

2022-07-08

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf pdf pdf

အရွယ်အစား: 

470.61 (6 pages), KB 3.16 MB (87 pgaes) - Original version 470.61 KB

Resource Type: 

text

Text quality: 

    • Good

Remote URL: