National Unity Government: Ministry of Education Announcement No.8/2022 - အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန ကြေညာချက်အမှတ်(၈/၂၀၂၂)

Sub-title: 

ပြည်သူ့ပညာရေးကျောင်းများအား အသိအမှတ်ပြုမူဝါဒ ထုတ်ပြန်ကြေညာခြင်

Description: 

"ပြည်သူ့ပညာရေးကျောင်းများအား အသိအမှတ်ပြုမူဝါဒ ထုတ်ပြန်ကြေညာခြင်း ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ပြည်သူ့ပညာရေးကျောင်းများ စတင် ပေါ်ပေါက်လာသော အချိန်မှစ၍ အမြဲဂုဏ်ယူ အသိအမှတ်ပြုပါကြောင်း ပြောကြားလျက်ရှိပါသည်။ ယခု ကြေညာချက်သည် ပြည်သူ့ပညာရေးယန္တရားကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် မူဝါဒ (၁၁) ချက်ဖြင့် ပြည်သူ့ပညာရေးကျောင်းများ အသိအမှတ်ပြုရေးဆိုင်ရာမူဝါဒ (Recognition Policy) ကို ထုတ်ပြန် ကြေညာခြင်း ဖြစ်ပါသည်။ ၂။ ပြည်သူ့ပညာရေးကျောင်းများသည် သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာရှိ ပြည်သူများကို ပညာရေးဖြင့် လူနေမှုအဆင့်အတန်း တိုးတက်စေရန်နှင့် အသိဉာဏ်ပညာမြင့်မားစေရန် သင်ယူသူတို့၏ ဆန္ဒအပေါ်တွင်အခြေခံ၍ သင်ကြားပေးသည့် ပညာရေးကျောင်းများ ဖြစ်ပါသည်။ ပြည်သူ့ပညာရေးကျောင်း များသည် ပညာသင်ယူခွင့် လူ့အခွင့်အရေးကို ဖြည့်ဆည်းခြင်းဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီများနှင့် အကာအကွယ်ပေးမှုများလည်း လိုအပ်ပါသည်။ ပြည်သူ့ပညာရေးကျောင်းများသည် ကလေးများ၏ အတွေး အခေါ်လွတ်လပ်ခွင့်ကို ပို၍အလေးထား သင်ကြားပေးသည့် လူမှုရေးသဟဇာတဖြစ်မှုနှင့် ငြိမ်းချမ်းရေး မူဝါဒများကို သင်ကြားပေးရမည် ဖြစ်ပါသည်။ ၃။ ပြည်သူ့ပညာရေးယန္တရား ဖော်ဆောင်နေသော ကြားကာလပြည်သူ့ပညာရေးကျောင်းများကို အောက်ဖော်ပြပါ မူဝါဒများဖြင့် အသိအမှတ်ပြု ကြေညာပေးသွားမည် ဖြစ်ပါသည်။ ပြည်သူ့ပညာရေးယန္တရားဖော်ဆောင်နေသော ပြည်သူ့ပညာရေးကျောင်းများအား အသိအမှတ်ပြုမှု မူဝါဒ (က) ပညာသင်ယူခွင့်ဆုံးရှုံးနေသော ကလေးသူငယ်များ၏အကျိုးအတွက် စစ်အာဏာရှင်ကို ဆန့်ကျင် သော ပြည်သူ့ပညာရေးယန္တရားကို ဖော်ဆောင်သည့်ကျောင်း ဖြစ်ရမည်။ (ခ) ဖက်ဒရယ်ဒီမိုကရေစီပညာရေးကို ဦးတည်ရမည်။ (ဂ) အခမဲ့ပညာရေးကို ဖော်ဆောင်နေသောကျောင်း ဖြစ်ရမည်။ ကိုယ်ကျိုးစီးပွားအတွက် မဟုတ်သည့် ပညာရေးကို ဖော်ဆောင်နေသောကျောင်း (Non-profit School) ဖြစ်ရမည်။ (ပညာရေးလုပ်ငန်းစဉ် များ ဖော်ဆောင်ရန် လိုအပ်သော အသုံးစရိတ်နှင့် သင်ကြားရေး ဆရာ၊ ဆရာမများကို ထောက်ပံ့ရန် အတွက် ရန်ပုံငွေရှာသင့်သည်ဟု ယူဆပါက မိမိအဖွဲ့အစည်းအတွင်း ဘဏ္ဍာငွေနှင့် သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများ (Terms of Reference) ရေးဆွဲထားပြီး ရှာဖွေထူထောင်နိုင်သည်။) (ဃ) ဖက်ဒရယ်ဒီမိုကရေစီ စံနှုန်းများနှင့်အညီ မိမိတို့ဒေသ၏လိုအပ်ချက်နှင့် ကိုက်ညီသော ဒေသသင်ရိုး များ၊ မိခင်ဘာသာစကားအခြေပြုသင်ရိုးများနှင့် အခြားဖြည့်စွက်သင်ခန်းစာများကို လွတ်လပ်စွာ အသုံးပြုသင်ကြားနိုင်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ Bluemark အမှတ်အသားပါရှိသော Myanmar Basic Education Home Facebook Page တွင် ဖော်ပြထား သော ပြဋ္ဌာန်းချက်သင်ရိုးညွှန်းတမ်းများကိုလည်း အသုံးပြုသင်ကြားနိုင်သည်။ (င) အသက်အရွယ်အလိုက် ရှိသင့်သည့် တတ်ကျွမ်းမှုများ (Competencies) ရရှိအောင် သင်ကြားပေး ရမည်။ (စ) ပညာရေးလွတ်လပ်ခွင့်ရှိပြီး ငြိမ်းချမ်းရေးကို ဦးတည်ရှေးရှုသော ပညာသင်ကြားရေး ဖြစ်ရမည်။ (ဆ) က‌လေးများ၏ အတွေးအခေါ်လွတ်လပ်ခွင့်ကို လေးစားအသိအမှတ်ပြုရမည်။ (ဇ) မတူကွဲပြားမှုများကို ခွဲခြားဆက်ဆံမှုမရှိဘဲ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် လူ့အခွင့်အရေး ဘုံတန်ဖိုးများကို ညှိနှိုင်းရှာဖွေကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တတ်သော ယဉ်ကျေးမှု (လူမှုရေးသဟဇာတဖြစ်မှု) ဖွံ့ဖြိုးရေးကို ရှေးရှု၍ သင်ကြားပေးရမည်။ (ဈ) သင်ယူစဉ်စစ်ဆေးခြင်းမှတ်တမ်းများကို အသုံးပြု၍ အကဲဖြတ်စစ်ဆေးခြင်းများနှင့် အသက်အရွယ် အလိုက်လိုအပ်သည့် ကျွမ်းကျင်တတ်မြောက်မှုများ ရရှိပါက မိမိတို့ကျောင်းအတွင်း အတန်း ကူးပြောင်းသတ်မှတ်ပေးခြင်းများကို လုပ်ဆောင်ပေးနိုင်သည်။ (ပြည်သူ့ပညာရေးကျောင်းများ၏ အတန်းအဆင့်ကူးပြောင်းမှု သတ်မှတ်ချက်များသည် ကျောင်းတစ်ကျောင်းချင်းစီ၏ ကိုယ်ပိုင် သတ်မှတ်ချက်သာဖြစ်ပြီး ကြားကာလပညာရေးအတွက်သာ အကျုံးဝင်မည် ဖြစ်သည်။) (ည) ယခုအသိအမှတ်ပြုမှုသည် ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအလိုက် ကိုယ်စားပြု ပညာရေးစီမံခန့်ခွဲမှုအဖွဲ့အစည်းများ မပေါ်လာခင်အထိ ပညာရေး၀န်ကြီးဌာနမှ ညှိနှိုင်းတာ၀န်ယူ ထားမည်ဖြစ်ပါသည်။ ပြည်နယ်/ ဖက်ဒရယ်ယူနစ် ကိုယ်စားပြုနှင့် လူမျိုး/ ဒေသအခြေပြု အဖွဲ့ အစည်းများ၊ ကောင်စီများ၏ ပညာရေးအဖွဲ့များနှင့် ချိတ်ဆက်ညှိနှိုင်းပြီးပါက ဖက်ဒရယ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ၊ ပြည်နယ်/ ဖက်ဒရယ်ယူနစ် ကိုယ်စားပြုနှင့် လူမျိုး/ ဒေသအခြေပြု အဖွဲ့အစည်းများ၊ ကောင်စီများ၏ လုပ်ပိုင်ခွင့်များကို လေးစားလိုက်နာ၍ ညှိနှိုင်းလွှဲပြောင်း ပူးပေါင်း ဆောင်ရွက်သွားပါမည်။ (ဋ) ပြည်သူ့ပညာရေးကျောင်းများသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအလိုက် ကိုယ်စားပြုပညာရေးစီမံခန့်ခွဲမှု အဖွဲ့အစည်းများက အခါ အားလျော်စွာထုတ်ပြန်သော ပညာရေးမူဝါဒများအတိုင်း လိုက်နာဆောင်ရွက်ရမည်။ ဖက်ဒရယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံနှုန်းများမှ သွေဖယ်ခြင်း၊ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းနှင့် အငြင်းပွားမှုပဋိပက္ခများ ဖြစ်ပွားခြင်းများ ပေါ်ပေါက်လာပါက လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီး မူဝါဒများနှင့် မကိုက်ညီကြောင်းထင်ရှားပါက ပြည်သူ့ပညာရေးကျောင်းအဖြစ် အသိအမှတ်ပြုခြင်း အား ရပ်ဆိုင်းမည်ကို လက်ခံရမည်။ ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုလက်မှတ် လျှောက်ထား နိုင်ရန်အတွက် အထက်ဖော်ပြပါ ပြည်သူ့ပညာရေးကျောင်းများ အသိအမှတ်ပြုမူဝါဒနှင့် ကိုက်ညီသည့် ပြည်သူ့ပညာရေးယန္တရားကို ဖော်ဆောင်နေသော (ကရင်နီပြည်နှင့် ချင်းပြည် အတိုင်ပင်ခံကောင်စီများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) ၏ စီမံအုပ်ချုပ်မှုဒေသများရှိ ပညာရေးကျောင်းများမှ လွဲ၍) ပြည်သူ့ပညာရေးကျောင်းများအားလုံးသည် [email protected] သို့ Email ပေးပို့ ဆက်သွယ်လျှောက်ထားနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။ ၅။ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ၏ စီမံအုပ်ချုပ်မှုဒေသများရှိ ပြည်သူ့ပညာရေးယန္တရားကို ဖော်ဆောင်နေသော ပြည်သူ့ပညာရေးကျောင်းများသည် [email protected] သို့ Email ပေးပို့ဆက်သွယ်လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာပြည်နယ်အတိုင်ပင်ခံကောင်စီနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ၆။ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ၏ စီမံအုပ်ချုပ်မှုဒေသများရှိ ပြည်သူ့ပညာရေး ယန္တရားကို ဖော်ဆောင်နေသော ပြည်သူ့ပညာရေးကျောင်းများသည် [email protected] သို့ Email ပေးပို့ဆက်သွယ်လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာပြည်နယ်အတိုင်ပင်ခံကောင်စီနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။..."

Source/publisher: 

Ministry of Education, National Unity Government of Myanmar

Date of Publication: 

2022-05-26

Date of entry: 

2022-05-27

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

647.96 KB

Resource Type: 

text

Text quality: 

    • Good