နိုင်ငံ​တော်သမ္မတ ဦးဝင်းမြင့်အား ကြိုဆိုနှုတ်ခွန်းဆက် သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်သူလူထုမှ ဒီမိုက​ရေစီ နည်းလမ်းကျ အပ်နှင်းထားသော နိုင်ငံ​တော် သမ္မတ တာဝန် ထမ်းဆောင်နေစဉ် အကြမ်းဖက် စစ်အုပ်စုမှ ၎င်းတို့ကိုယ်တိုင် ​ရေးဆွဲ ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေကို ချိုး​ဖောက်ကာ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန် ပြီး မတရား ဖမ်းဆီး ချုပ်နှောင်မှုကို ခံခဲ့ရခြင်းဖြစ်သည်။ ၂။ ယနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အနေဖြင့် ကျန်းမာစွာဖြင့် မိသားစုနှင့် ပြန်လည်ဆုံဆည်းရသည်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ပြည်သူလူထုနှင့် ထပ်တူများစွာ ဝမ်းမြောက်ရပါသည်။ ၃။ နိုင်ငံ​​တော် သမ္မတ ဦးဝင်းမြင့်အား မြန်မာနိုင်ငံ၏ သမ္မတဖြစ်သည်ဟု အမျိုးသား ညီညွတ်​ရေး အတိုင်ပင်ခံ​ ကောင်စီက တရားဝင် ဆက်လက်အသိအမှတ်ပြု ထားဆဲ ဖြစ်သည်။။ ၄။ အမျိုးသားညီညွတ်​ရေး အတိုင်ပင်ခံ​ကောင်စီ အ​နေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ ကျန်ရှိ​နေ​သော နိုင်ငံ​ရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်သည်။ ၅။ ထို့အပြင် အမျိုးသား ညီညွတ်​ရေး အတိုင်ပင်ခံ ​ကောင်စီသည် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင် စနစ်မှန်သမျှ ပ​ပျောက်​ရေးနှင့် ဖက်ဒရယ် ဒီမိုက​​ရေစီ ပြည်​ထောင်စု တည်​ဆောက်​ရေး တို့အတွက် ​ ပြည်သူတရပ်လုံး၊ တော်လှန်ရေး အင်အားစု အားလုံးနှင့် အတူလက်တွဲ၍ နွေဦးတော်လှန်​ရေး ​အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်သည်။..."

ရင်းမြစ်: 

National Unity Consultative Council

Date of Publication: 

2026-04-17

Date of entry: 

2026-04-17

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

233.29 KB

Resource Type: 

text

Text quality: 

    • Good