ဖော်ပြချက်/အကြောင်းအရာ:
"မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်
၁၃၈၆ ခုနှစ်၊ နံယုန်လပြည့်ကျော် (၁၁) ရက်
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂) ရက်
အာရက္ခတပ်တော်အနေဖြင့် သံတွဲမြို့ရှိ ဖက်ဆစ်စစ်ကောင်စီ၏ စခန်းများအပါအဝင် သိမ်းပိုက်ရန် ကျန်ရှိနေ သေးသော အခြားမြို့များရှိ စစ်စခန်းများအားလုံးကို မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲ များ ဆက်လက်ပြင်းထန်လျက်ရှိပါသည်။ ဤကဲ့သို့ တိုက်ပွဲများပြင်းထန်နေမှုကို အခွင့်ကောင်းယူလျက် မသမာသူ အုပ်စုတစ်စုသည် မိမိတို့ ULA/AA နာမည်ကိုအသုံးပြုပြီး သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းရှင်များထံမှ အတင်းအဓမ္မ ငွေလိမ်လည် တောင်းခံကောက်ယူနေကြောင်း သိရှိရပါသည်။
မိမိတို့ ULA/AA နာမည်ကိုအသုံးပြုပြီး အယောင်ဆောင် ငွေလိမ်တောင်းခံနေသောသူများအနေဖြင့် ယခုကဲ့သို့သော လုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် သတိပေးလိုက်ပါသည်။ မိမိတို့အနေဖြင့် သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ ယခုကဲ့သို့ အခွန်ကောက်ခံခြင်း၊ ငွေကြေးတောင်းခံခြင်းမျိုး မရှိပါကြောင်း မိဘပြည်သူများအား လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ အကယ်၍ ယခုကဲ့သို့ ခြိမ်းခြောက် ငွေညှစ်တောင်းခံခြင်းများ ထပ်မံရှိလာပါက မိမိတို့ ULA/AA ဗဟိုဌာနချုပ်နှင့် သံတွဲဒေသ တာဝန်ခံများထံသို့ အချိန်မရွေး တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။..."
ရင်းမြစ်:
Arakan Army
Date of Publication:
2024-07-02
Date of entry:
2024-07-02
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
English
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
89.93 KB
Resource Type:
text
Text quality:
- Good
