အမျိုးသားညီညွတ်ရေးအစိုးရ အမိန့်ကြော်ငြာစာအမှတ်(၀၂/၂၀၂၃)

Sub-title: 

စစ်ကောင်စီထုတ်ဝေသော တရားမဝင်နှစ်သောင်းတန်ငွေစက္ကူများကို ပုဂ္ဂလိကဘဏ်များနှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် သုံးစွဲခြင်းမပြုလုပ်ရန် တားမြစ်မိန့်

ဖော်ပြချက်/အကြောင်းအရာ: 

"အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အခန်း(၁၂)တွင် ဖော်ပြထားသော အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများ အား တားဆီးနှိမ်နှင်းရန်ရည်ရွယ်၍ အကြမ်ဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ဤအမိန့်ကို ထုတ်ပြန်ကြေညာလိုက်သည်။ ၁။ အကြမ်းဖက် စစ်ကောင်စီက ထုတ်ဝေသော နှစ်သောင်းတန် ငွေစက္ကူများသည် တရားမဝင် ငွေစက္ကူများဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်မှ ထုတ်ပြန် ကြေညာထားပြီးဖြစ်သည်။ ၂။ အဆိုပါတရားမဝင်နှစ်သောင်းတန် ငွေစက္ကူများကို လက်ဝယ်ထားရှိခြင်း၊ အရောင်း အဝယ်ပြုလုပ်ခြင်း၊ တနည်းနည်းနှင့်လွှဲပြောင်းခြင်းတို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ အခန်း(၁၂)တွင် ဖော်ပြထားသော အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများကို ကျူးလွန်ရာရောက်သည်။ ၃။ ထို့ကြောင့် ပြည်တွင်းကြေးလည်ပတ်စီဆင်းမှုတွင် အဓိကကျသော အခန်းကဏ္ဍ၌ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသော ပုဂ္ဂလိကဘဏ်များနှင့် ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် တရားမဝင်နှစ်သောင်းတန်ငွေစက္ကူများကို လက်ဝယ် ထားခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း၊ တနည်းနည်းဖြင့်လွှဲပြောင်းခြင်းများ မပြုလုပ်ရန် တားမြစ်မိန့်ထုတ်ပြန်လိုက်သည်။ ၄။ ပြည်သူများအနေဖြင့် တရားမဝင်နှစ်သောင်းတန်ငွေစက္ကူများကို ငွေကြေးလည်ပတ်မှု တွင် အသိအမှတ်ပြုလက်ခံသုံးစွဲသောဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အထောက်အထားနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟို အဖွဲ့သို့ အသိပေးတိုင်ကြားကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။ ၅။ တားမြစ်မိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီတားဆီးနှိမ်နှင်းအပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2023-08-24

Date of entry: 

2023-08-24

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

135.41 KB

Resource Type: 

text

Text quality: 

    • Good