ဖော်ပြချက်/အကြောင်းအရာ:
"၁။ ယနေ့ ကျရောက်သော “ဝ” ပြည်နယ် ၏ ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၄) နှစ်မြောက် နေ့တွင် “ဝ” အမျိုးသားပြည်သူလူထုတရပ်လုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေဟု နှုတ်ခွန်းဆက်သ နှစ်သစ်ဆုမွန်ကောင်းတောင်းလျက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ဦးစွာဖော်ပြအပ်ပါသည်။
၂။ ၁၉၈၉ ခုနှစ် ဧပြီလ (၁၇) ရက်နေ့မှစတင်ခဲ့သည့် ငြိမ်းချမ်းရေးတည်ဆောက်မှုခရီးတွင် “ဝ” ပြည်သူများသည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ ဦးဆောင်ကြိုးပမ်းမှုအောက်တွင် အတူတကွ ရုန်းကန်ကြိုးစားလျက် ဒေသဖွံ့ဖြိုးရေး၊ တည်ဆောက်ရေး လုပ်ငန်းများကို စည်းလုံးညီညွတ်စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသောကြောင့် ယနေ့အချိန်တွင် တည်ငြိမ်အေးချမ်း၊ သာယာဝပြော၍ လူမှုစီးပွားဘဝ အာမခံချက်အပြည့်အဝရှိသော လူနေမှုဘဝကို ရရှိခံစား နေထိုင်နေကြပြီဖြစ်သည်။
၃။ ယနေ့ ပြည်သူလူထုတရပ်လုံး ကြုံတွေ့ခံစားနေရသည့် မတရားအာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ အဆုံးစွန်သော ရက်စက်ကြမ်းကြုတ်မှုများနှင့် နှစ်ကာလပေါင်းများစွာသော မတရား ဖိနှိပ်မှုများကို အဆုံးသတ်အမြစ်ဖြတ်ရန်မှာ အကြမ်းဖက်စစ်တပ်အား အပြီးတိုင်ဖယ်ရှားပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတရပ်ကို အားလုံးအတူတကွ လက်တွဲထူထောင် ကြရမည်ဖြစ်သည်။
၄။ “ဝ” ပြည်နယ်၏ ရရှိပြီးသော တည်ငြိမ်အေးချမ်းမှု၊ ဒေသဖွံဖြိုးမှု၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများကို ဆက်လက်ခိုင်မာမြင့်မားတိုးတက်စေရန် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ “ဝ” ပြည်နယ် ပြည်သူ့အစိုးရတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များနှင့်အညီ ဦးဆောင်ကြိုးပမ်း ဆောင်ရွက် နိုင်ပါစေကြောင်းနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ လက်တွဲပုံဖော် တည်ထောင်ကြရန် လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော်လျက် ယနေ့ ၂၀၂၃ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင် ကျရောက်သော “ဝ” ပြည်နယ်၏ ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၄) နှစ်ပြည့် အခမ်းအနားသို့ ဤသဝဏ်လွှာကို ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။..."
ရင်းမြစ်:
Ministry of Defence - National Unity Government of Myanmar
Date of Publication:
2023-04-17
Date of entry:
2023-04-17
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
246.26 KB
Resource Type:
text
Text quality:
- Good
