ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ယနေ့ ကျရောက်သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်အား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုပါသည်။ ၂။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အကြမ်းဖက်စစ်တပ်မှ မတရား အာဏာသိမ်းယူမှုနောက်ပိုင်း စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ တရားမျှတမှုရှိပြီး တန်းတူညီမျှသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်ရေး အစရှိသည့် ရည်မှန်းချက်များဖြင့် ဗမာလူမျိုးစုကိုယ်စား တပ်တော်တရပ်ကို တည်ထောင်လျက် ပြည်သူ့ခုခံတွန်းလှန်စစ်ကို ဆင်နွှဲလာခဲ့သည်မှာ ယနေ့အချိန်တွင် (၂) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ၃။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တည်ထောင်ရာတွင် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးကူညီ လက်တွဲခေါ်ယူပေးသော ညီနောင်မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးကို ဗမာပြည်သူလူထုကိုယ်စား မမေ့မလျော့ ကျေးဇူးတင်ရှိနေမည်ဖြစ်သည်။ ၄။ (၂) နှစ်တာ နွေဦးတော်လှန်ရေးခရီးအတွင်း အသက်၊သွေး၊ချွေးပေးဆပ် စွန့်လွှတ်ခဲ့ရသော ရဲဘော်များနှင့်တကွ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီအား ပြည်သူ့သူရဲကောင်းများအဖြစ် အစဉ်အမြဲ အောက်မေ့သတိရလျက် မပြီးဆုံးသေးသော တော်လှန်ရေးခရီးကို ပိုမိုအားသွန်ခွန်စိုက် ဆက်လက် လျှောက်လှမ်းကြရမည်ဖြစ်သည်။ ၅။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သည် စစ်စည်းကမ်းသေဝပ်ပြီး စနစ်ကျသည့် တပ်တော်တရပ်ဖြစ်သည်နှင့် အားလျော်စွာ ဘုံရည်းမှန်းချက်၊ ဘုံပန်းတိုင် ရောက်ရှိရေးအတွက် စစ်အာဏာရှင်စနစ်အား အခြားသော ညီနောင်မဟာမိတ် တော်လှန်ရေး အင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် လက်တွဲညီညီ ခုခံတွန်းလှန်တိုက်ပွဲဝင်လျက် အနာဂတ် ဖက်ဒရယ် တပ်မတော်တွင်လည်း ကြီးကြီးမားမားအားဖြည့် ကူညီနိုင်ပါစေဟု နှစ်သစ်ဆုမွန်ကောင်း တောင်းလျက် ယနေ့ ကျရောက်သည့် တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့် အခမ်းအနားသို့ ဤသဝဏ်လွှာကို ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။..."

ရင်းမြစ်: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2023-04-17

Date of entry: 

2023-04-17

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

227.55 KB

Resource Type: 

text

Text quality: 

    • Good