သတင်းထုတ်ပြန်ချက် Project DragonFly နှင့် ပတ်သက်သော နောက်ဆက်တွဲအခြေအနေများကို အသိပေးထုတ်ပြန်ခြင်း

ဖော်ပြချက်/အကြောင်းအရာ: 

"၁။​အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာငွေရှာဖွေရေးအစီအစဉ်များတွင် အတတ်ပညာ၊ အသိပညာ၊ ငွေကြေးအားဖြင့် ပါဝင်ကူညီအားဖြည့်ပေးနေကြသူ တစ်ဦးချင်းစီတိုင်း၏ ကြိုးစားအားထုတ်မှုများကို လေးစားစွာဖြင့် အသိ အမှတ်ပြုအပ်ပါသည်။ ၂။​အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ Fundraiser များထံမှ တဆင့် Project DragonFly အတွက် အမေရိကန်ဒေါ်လာ (၂.၂) သန်းတိတိကို လက်ခံရရှိသုံးစွဲလျက်ရှိပါသည်။ ရရှိထားသော ရန်ပုံငွေများကို လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၁.၄) သန်းနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၈) သိန်း လျာထား သုံးစွဲလျက်ရှိပါသည်။ ၃။​အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ Fundraiser များနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့သည့် ရန်ပုံငွေရှာဖွေရေးစီမံချက်များမှ ရရှိလာသော ရန်ပုံငွေများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စနစ်တကျစီမံခန့်ခွဲနေပြီး အလေအလွင့်မရှိ လက်ခံရရှိခဲ့ပါသည်။ ၄။​Project DragonFly မှ ရရှိခဲ့သော ရန်ပုံငွေများဖြင့် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအောင်မြင်မှုများကို လုံခြုံရေး အရ သင့်လျော်သည့် အချိန်များတွင် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။..."

ရင်းမြစ်: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2023-03-30

Date of entry: 

2023-03-30

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

164.99 KB

Resource Type: 

text

Text quality: 

    • Good