အမျိုးသားညီညွတ်ရေးအစိုးရက(၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ၂၀၂၃ ခုနှစ်၊ မတ်လ ၅ ရက် (တပေါင်းလပြည့်နေ့)တွင် ကျရောက်သည့် (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အချိန်အခါသမယတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၌ ရောက်ရှိနေထိုင် နေကြသော ပအိုဝ်းလူမျိုးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလုံခြုံ၍ ဘေးရန်အပေါင်းမှ ကင်းကွာကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ၂။ ၁၉၄၈ ခုနှစ်၊ မတ်လတွင် ဖဆပလအစိုးရ၏ မြေယာခွဲဝေရေးမူဝါဒကို လက်မခံနိုင်ကြသော သထုံဒေသရှိ ပအိုဝ်းလယ်သမား တစ်သောင်းကျော်သည် ပအိုဝ်းတောင်သူအဖွဲ့ချုပ်၏ ဦးဆောင်မှု ဖြင့် သထုံမြို့၊ရေကျော်ဘုန်းကြီးကျောင်းတွင် လူထုစည်းဝေးမှုကြီးတစ်ရပ်ကို ကျင်းပခဲ့သည်။ ယင်း စည်းဝေးမှုကြီးတွင် မြေယာခွဲဝေရေးမူဝါဒကို ပြန်လည်ရုပ်သိမ်းပေးရေးအပါအဝင် မိမိတို့လူမျိုး အမည် “တောင်သူ” ဟု ခေါ်ဆိုရေးသားခြင်း မပြုဘဲ “ပအိုဝ်း” ဟုသာ ခေါ်ဆိုရေးသားပေးရန် တောင်းဆိုခဲ့ကြသည်။ ဤသို့ဖြင့် ၁၉၄၉ ခုနှစ်မှစ၍ တပေါင်းလပြည့်နေ့တွင် ပအိုဝ်းလူမျိုးများ ကျင်းပလေ့ရှိသည့် ကောက်သစ်ပူဇော်ပွဲနေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ပြောင်းလဲကျင်းပရန် ဆုံးဖြတ်ခဲ့ပါသည်။ ထို့ကြောင့် ပအိုဝ်းအမျိုးသားနေ့သည် ပအိုဝ်းလူမျိုးတို့၏ စည်းလုံးညီညွတ်မှုနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ဖော်ညွှန်းသည့် နေ့ထူးနေ့မြတ်ပင်ဖြစ်ပါသည်။ ၃။ ယနေ့အချိန်အခါတွင် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို ပြတ်ပြတ် သားသား ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်လိုသည့် ပအိုဝ်းအင်အားစုများအနေဖြင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (Pa-O National Federal Council)၏ ဦးဆောင်မှုတွင် အတူတကွစုစည်းပြီး၊ လက်တွေ့ ကျသည့် နိုင်ငံရေးအခင်းအကျင်းထဲသို့ ဝင်ရောက်ဆင်နွှဲနေကြသည်ကို တွေ့ရှိရသည့်အတွက်လည်း များစွာဝမ်းမြောက်ဂုဏ်ယူမိပါသည်။ ၄။ စစ်အာဏာရှင်စနစ်အောက်တွင် ကျရောက်နေသော ပအိုဝ်းအမျိုးသားနေ့တွင် ပအိုဝ်းအမျိုး သားများအားလုံး စည်းလုံးညီညွတ်ပြီး ပအိုဝ်းအမျိုးသားများ လွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆထက်တိုး ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2023-03-05

Date of entry: 

2023-03-05

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

375.69 KB

Resource Type: 

text

Text quality: 

    • Good