အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ကြေငြာချက်အမှတ်(၂၅/၂၀၂၂)

Sub-title: 

နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရှံးနိမ့်နေပြီဖြစ်သော အာဏာသိမ်းစစ်အုပ်စု အဖွဲ့ဝင်များက ပိုမိုတိုးမြင့် ကျူးလွန်လျှက်ရှိသည့် ရာဇဝတ်မှုများအား နိုင်ငံတကာတရားစီရင်ပိုင်ခွင့် စည်းမျဉ်းမူဘောင်များအပေါ်အခြေခံ၍ အရေးယူနိုင်ရန် ကမ္ဘာတဝှမ်းတွင် ကြိုးပမ်းနေမှုများ တိုးပွားလာနေသည့်အပေါ် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ကြိုဆိုအပ်ပါသည်။ ၂။ လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇဝတ်မှု ၊ စစ်ရာဇဝတ်မှု နှင့် လူမျိုးတုန်းသတ်ဖြတ်မှု အစရှိသော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုကျူးလွန်သူများကို မည်သည့်နေရာတွင် ကျူးလွန်ခဲ့ပါစေ ပြည်တွင်းတရားစီရင်ရေး အခွင့်အာဏာအား အသုံးပြု၍ စစ်ဆေးစီရင်ပိုင်ခွင့်ကို ကမ္ဘာတဝှမ်းရှိ ပြည်တွင်း တရားရုံးများအား နိုင်ငံတကာတရားစီရင်ပိုင်ခွင့်က ခွင့်ပြုပေးအပ်ထားသည်။ ၃။ အာဏာသိမ်းစစ်အုပ်စုက ကျူးလွန်ခဲ့သည့် ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုနှင့် အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို စတင်စစ်ဆေး နိုင်စေရန်အတွက် မတူကွဲပြားသော တိုင်းရင်းသားအုပ်စုများမှ လွတ်မြောက်ကျန်ရစ်သူများနှင့် သက်သေများက Fortify Rights ၏ ထောက်ပံ့ကူညီမှုဖြင့် ဂျာမဏီအာဏာပိုင်များထံသို့ မကြာသေးမီကပင် တောင်းဆိုတင်ပြခဲ့ပါသည်။ ဂျာမဏီအာဏာပိုင်များအနေဖြင့် ထိုကိစ္စအား အထူးအလေးထား ဆောင်ရွက်ပေးပါရန် မိမိတို့အနေဖြင့် တိုက်တွန်းအပ်ပါသည်။ ၄။ မြန်မာနိုင်ငံတာဝန်ရှိမှုပရောဂျက် (Myanmar Accountability Project) သည် နှိပ်စက်ညှဥ်းပမ်းမှု အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား ကျူးလွန်သည်ဟု စွပ်စွဲခံနေရသည့် စစ်တပ်ကို အရေးယူဆောင်ရွက်နိုင်စေရန်အတွက် တူရကီနိုင်ငံတွင် တရားစွဲဆိုမှုစတင်ခဲ့ပါသည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံတွင် နိုင်ငံတကာတရားစီရင်ပိုင်ခွင့်ကို အသုံးပြု၍ တရားစွဲဆိုနိုင်စေရန် တရားရေးဆိုင်ရာ စည်းမျဥ်းများကို ပံ့ပိုးပေးနေသည့်အပြင် အာဏာသိမ်းစစ်အုပ်စုအား ဖိလစ်ပိုင်နိုင်ငံတွင် အလားတူ ဥပဒေအရအရေးယူနိုင်ရန် ဆောင်ရွက်နေလျက်ရှိပါသည်။ ၅။ ထို့အပြင် ယူကေနိုင်ငံရှိ ဗမာ့ရိုဟင်ဂျာအဖွဲ့အစည်း (BROUK) က တင်သွင်းခဲ့သည့် မြန်မာ့လုံခြုံရေးအဖွဲ့များက ရိုဟင်လူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုနှင့်ပတ်သက်သည့် တိုင်ကြားမှုကို အာဂျင်တီ’နားနိုင်ငံရှိ တရားရုံးက လက်ခံခဲ့ပြီးဖြစ်ပါသည်။ ၆။ ဤမူဘောင်များအား ကျင့်သုံး၍ တရားမျှတမှုနှင့် တာဝန်ခံမှုများ အားကောင်းလာစေရန် ဆောင်ရွက်နေသည့် လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ပြည်တွင်း အာဏာပိုင်များ ပိုမိုတိုးပွားလာသည်ကို တွေ့မြင်ရခြင်းမှာ အလွန်စိတ်အားတက်စရာပင်ဖြစ်ပါသည်။ ၇။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအားလုံး အထူးသဖြင့် နိုင်ငံတကာတရားစီရင်ပိုင်ခွင့် စည်းမျဉ်းမူဘောင်ကို ကျင့်သုံးပိုင်ခွင့်ရှိသော နိုင်ငံများအနေဖြင့် အလားတူပံ့ပိုးပေးမှုများ ဆောင်ရွက်ရန် တောင်းဆိုအပ်ပါသည်။ ၈။ မြန်မာနိုင်ငံသည် ၁၉၇၀ ခုနှစ် ကမ္ဘောဒီယားနိုင်ငံတွင် Pol Pot ခေါင်းဆောင်သည့် ခမာနီအကြမ်းဖက် အုပ်စိုးမှုကို ဖြိုခွင်းခဲ့ချိန်မှစ၍ အရှေ့အာရှတွင် မမြင်တွေ့ဖူးသော အလွန်မြင့်မားသည့် အကြမ်းဖက်မှု လှိုင်းလုံးကြီးနှင့် ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိသည်။ ၉။ မြန်မာနိုင်ငံပြည်သူများအနေဖြင့် အပြစ်ရှိသူအား အပြစ်ပေးမှုမှကင်းလွတ်နေခြင်းအား ရပ်တန့်ပြီး ကျူးလွန်သူများကို တာဝန်ခံမှုရှိစေခြင်း၊ ကျူးလွန်ခံရသူများနှင့် ၎င်းတို့မိသားစုဝင်များအတွက် တရားဥပဒေဖော်ဆောင်မှုများ ပေါ်ပေါက်လာမည်ဟု မျှော်လင့်အပ်ပါသည်။ တနေ့တခြား ပိုမိုဆိုးဝါးလာနေသည့် မြန်မာနိုင်ငံ၏ အခြေအနေများကို ထိုအရာများကို ချက်ချင်းလုပ်ဆောင်ပေးရန် တောင်းဆိုနေလျက်ရှိပါသည်။..."

ရင်းမြစ်: 

Ministry of Human Rights

Date of Publication: 

2023-01-27

Date of entry: 

2023-01-27

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

553.13 KB

Resource Type: 

text

Text quality: 

    • Good