ဖော်ပြချက်/အကြောင်းအရာ:
"၁။ ယေရှုဘုရားသခင် မွေးဖွားသန့်စင်သောနေ့ကို ခရစ္စမတ်နေ့အဖြစ် သတ်မှတ်၍ ခရစ်ယာန်ဘာသာဝင်များ၏ ချစ်စရာဓလေ့ထုံးတမ်းများဖြင့် ဖော်ညွှန်းကာ ကမ္ဘာတစ်ဝှမ်းတွင် ကောင်းကျိုးအဖြာဖြာ ပေါ်ထွန်းလာစေရန် ဂုဏ်ပြုကျင်းပလေ့ရှိသည့် ဒီဇင်ဘာလ (၂၅)ရက်နေ့၊ ခရစ္စမတ်နေ့ထူးနေ့မြတ်အခါသမယတွင် ခရစ်ယာန်ဘာသာဝင် ပြည်ထောင်စုတိုင်းရင်းသားများ အားလုံးနှင့်အတူ မြန်မာပြည်သူအပေါင်း ကောင်းကျိုးအဖြာဖြာပြည့်စုံကာ ကိုယ်စိတ်နှလုံး အေးချမ်း ပျော်ရွှင်နိုင်ပါစေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဆုတောင်းမေတ္တာ ပို့အပ်ပါသည်။
၂။ စစ်အာဏာရှင်တို့၏ ဥပဒေမဲ့လုပ်ရပ်များ၊ မတရားမှုများအား တွန်းလှန်ဆန့်ကျင်နေသည့် ယခုနွေဦးတော်လှန်ရေးတွင် ခရစ်ယာန်ဘာသာဝင်များသည် အခြားဘာသာဝင်များနှင့်အတူ အမှန်တရားအား တန်ဖိုးထားကာ ကျရာအခန်းကဏ္ဍတို့တွင် တွဲလက်ညီညီ ချိတ်ဆက်ပူးပေါင်း ပါဝင်နေကြသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ရပါသည်။ ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ခရစ်ယာန်လူမျိုးတို့၏ သမိုင်းသည် ယနေ့ထိတိုင် အမှတ်တရဖြစ်နေဆဲဖြစ်ပါသည်။ နောင်အနာဂတ်မျိုးဆက်သစ်တို့အတွက်သာမက နိုင်ငံတော်အတွက် မိမိတို့အားလုံး၏ တစိုက်မတ်မတ် အားထုတ်ကြိုးပမ်းမှုများသည် မဝေးသော ကာလတွင် အောင်မြင်မှုအသီးအပွင့်များအဖြစ် မြင်တွေ့ခံစားကြရမည်ဖြစ်ပါသည်။
၃။ မတူကွဲပြားမှုများကို သာလွန်အင်အားအဖြစ် ထိရောက်စွာ အသုံးချကာ တည်ဆောက် ထားပြီးသည့် ညီညွတ်ခြင်းအင်အားကို ဆက်လက်ထိန်းသိမ်းလျက် ဖက်ဒရယ်စနစ်နှင့် အားလုံး ပါဝင်သော ဒီမိုကရေစီပြည်ထောင်စုသစ်တည်ဆောက်ရေး ကြိုးပမ်းမှုတွင် အတူတကွ လက်တွဲ ကြိုးပမ်းသွားကြရန် တိုက်တွန်းလျက် ပျော်ရွှင်ဖွယ် ခရစ္စမတ်ဖြစ်ပါကြောင်း ချစ်ကြည်ရင်းနှီးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ..."
ရင်းမြစ်:
Committee Representing Pyidaungsu Hluttaw
Date of Publication:
2022-12-25
Date of entry:
2022-12-25
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
English
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
225.7 KB
Resource Type:
text
Text quality:
- Good
