အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ်(၂၁/၂၀၂၂) - “ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု၊ ပစ်ခတ်မှုများနှင့် ပတ်သက်သော ကြေညာချက်”

ဖော်ပြချက်/အကြောင်းအရာ: 

"၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက် နံနက် ၉နာရီ ၄၀ ခန့်အချိန်တွင် ရန်ကုန်မြို့ အင်းစိန်ထောင် ထောင်ဝင်စာပေးပို့သည့် နေရာအနီး ပေါက်ကွဲမှု(၂)ကြိမ်နှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ အကျဉ်းဦးစီးဝန်ထမ်းအချို့သာမက ထောင်ဝင်စာပေးပို့ရန်ရောက်ရှိနေသည့် ပြည်သူ အနည်းဆုံး(၅)ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဝမ်းနည်းဖွယ်ကြားသိရပါသည်။ အဆိုပါ နေ့ရက်သည် အင်းစိန်ထောင်အတွင်း မတရားဖမ်းဆီးခြင်းခံထားရသော နိုင်ငံရေး အကျဉ်းသားများ ရုံးထုတ်ရက်နှင့် ထောင်ဝင်စာပေးပို့နိုင်သည့် ရက်ဖြစ်သောကြောင့် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားသည့် ဖြစ်စဉ်အတွင်း သေဆုံးခဲ့ကြရသည့် အပြစ်မဲ့ပြည်သူများထဲတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိခင်များနှင့် မိသားစုဝင်များလည်း ပါဝင်ခဲ့သည်ဟုလည်း သိရှိရပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါ ဖြစ်စဉ်အသေးစိတ်အား စုံစမ်းလျက်ရှိသလို အဆိုပါ ဖြစ်ရပ်အတွင်း သေဆုံးခဲ့ရသော အရပ်သားပြည်သူများ၏ သေဆုံးခဲ့ရခြင်းအကြောင်းရင်း (Cause of Death) ကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုအပေါ် ဥပဒေမဲ့ ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်နေမှုများအား အကာအကွယ်ပေးရေး ပြည်သူ့ခုခံတော်လှန်စစ်ကို စစ်သည်တော် ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆင်နွှဲလျက်ရှိရာ ယင်း စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) များထဲမှ စစ်ရေးဆိုင်ရာပစ်မှတ် သတ်မှတ်ရာတွင် စစ်အာဏာရှင်စနစ်၏ ယန္တရားများကိုသာ ချေမှုန်းရမည်၊ အရပ်သားပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ပစ်မှတ်ထားတိုက်ခိုက်ခြင်း မပြုရဟူသည့် အချက်များပါရှိပါသည်။ အဆိုပါ စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်း များကို အားလုံးလိုက်နာနိုင်ရေး သင်တန်းများပို့ချကာ ကြပ်မတ်ဆောင်ရွက်လျက်ရှိသလို အလွယ်တကူ လေ့လာသိရှိနိုင်ရန်လည်း https://mod.nugmyanmar.org/my/pdf-code-of-conduct/ တွင်ဖော်ပြထားပါသည်။ ထို့အပြင် လိုက်နာရန် ပျက်ကွက်မှုများ ရှိပါကလည်း ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။ အရပ်သားပြည်သူများအား ထိခိုက်စေသည့် မည်သည့် လုပ်ရပ်မျိုးကို မည်သည့်အဖွဲ့က ကျူးလွန်သည်ဖြစ်စေ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကန့်ကွက်ရှုတ်ချရုံသာမက ကျူးလွန်ခဲ့သော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် မည်သူ့ကိုမဆို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးကိုလည်း မဖြစ်မနေဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2022-10-19

Date of entry: 

2022-10-19

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

508.99 KB

Resource Type: 

text

Text quality: 

    • Good