National Unity Government: Ministry of Health Announcement (10/2022) - အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၁၀/၂၀၂၂)

ဖော်ပြချက်/အကြောင်းအရာ: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၁၀/၂၀၂၂) ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက် ၁။ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအပြင် ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီအထောက်အပံ့များကို (က) ပြည်သူသာ အဓိက ဖြစ်ရမည်၊ (ခ) ပွင့်လင်း မြင်သာမှုရှိရမည်၊ (ဂ) ညီမျှသော ဆက်ဆံမှုရှိရမည် ဟူသော ပြည်သူအခြေပြုမူဝါဒ (၃) ရပ် နှင့်အညီ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် အမျိုးသားကျန်းမာရေးကော်မတီ (NHC)၊ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (CTF) နှင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနတို့က အကြိမ်ကြိမ် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ၂။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် (၂၀၂၁) ခုနှစ်၏ ခန့်မှန်းခြေ ကာကွယ်ဆေးထိုး လွှမ်းခြုံမှု (Estimated Immunization Coverage) မှာ BCG 48%, DPT3 37%, MR1 44% ရှိ ကြောင်း သိရှိရပါသည်။ ထို့ကြောင့် တစ်နှစ်အတွင်း အသက်တစ်နှစ်အောက် ကလေးဦးရေ (၉) သိန်းခွဲ၏ တစ်ဝက်ကျော်သည် ပုံမှန်ကာကွယ်ဆေးများ အပြည့်အဝထိုးနှံနိုင်ခြင်း မရှိကြောင်း တွေ့ရှိရပါသည်။ တိုင်းရင်းသားဒေသများအပါအဝင် မြန်မာနိုင်ငံအနှံ့အပြား၌ အသက် (၅) နှစ် အောက် ကလေးငယ်များသည် ပုံမှန်ရရှိသင့်သည့် ကာကွယ်ဆေးများ မရရှိကြဘဲ ကာကွယ် ဆေးဖြင့် ကာကွယ်နိုင်မည့် ရောဂါများ (Vaccine Preventable Diseases) ဖြစ်ပွားနိုင်သည့် အန္တရာယ်များနှင့် ရင်ဆိုင်နေကြရပါသည်။ ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 ကာကွယ်ဆေးများ၊ ကလေးငယ်များအတွက် ပုံမှန်ရရှိသင့်သည့် ကာကွယ်ဆေးများအပါအဝင် ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အထောက်အပံ့များ ရရှိရေးအတွက် ကုလ သမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးလျက်ရှိပါသည်။ ၄။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးလုပ်သားများ၊ ဆေးရုံ/ဆေးခန်းများ၊ လူနာတင်ယာဉ် များအပါအဝင်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နှုတ်ဆိတ်ပြီး မနေရန်နှင့် မြန်မာကျန်းမာရေးလုပ်သားများကို အကာအကွယ်ပေးရန် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထံသို့ စာဖြင့် အကြိမ်ကြိမ် ဆက်သွယ်အသိပေး၊ တောင်းဆို ခဲ့ပြီးဖြစ်ပါသည်။ ၅။ သို့ဖြစ်ပါ၍ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၊ စစ်ဘေးသင့် ပြည်သူများ၊ အကြမ်းဖက် စစ်ကောင်စီ၏ ဘေးအန္တရာယ်မှ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် အမှန်တကယ် လိုအပ်လျက်ရှိသော COVID-19 ကာကွယ်ဆေးများ၊ အသက် (၅) နှစ်အောက် ကလေးငယ်များအတွက် ပုံမှန်ရရှိသင့်သည့် ကာကွယ်ဆေးများ အပါအဝင် ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အထောက်အပံ့ များကို ပြည်သူအခြေပြုမူဝါဒ (၃) ရပ်နှင့်အညီ ထိထိရောက်ရောက်နှင့် အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်ရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံ တကာအသိုင်းအဝိုင်းအနေဖြင့် ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှအသုံးပြု၍ အချိန်မီထိရောက်စွာ တားဆီးအရေးယူ ဆောင်ရွက်ရန် တိုက်တွန်းအသိပေးထုတ်ပြန်အပ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ..."

ရင်းမြစ်: 

Ministry of Health, National Unity Government of Myanmar

Date of Publication: 

2022-08-16

Date of entry: 

2022-08-16

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

390.44 KB

Resource Type: 

text

Text quality: 

    • Good