ဖော်ပြချက်/အကြောင်းအရာ:
"၁။ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) တည်ရှိရာ ဒူးပလာယာခရိုင်၊ တောင်ပိုင်း စစ်ဒေသတွင် KNU/KNLA၊ KNDO၊ PDF နှင့် အခြားမဟာမိတ်အင်အားစုများပါဝင်သော တော်လှန်ရေး ပူးပေါင်းအဖွဲ့သည် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊ လေးကေ့ကော်တိုက်ပွဲမှ စတင်၍ ခုခံတွန်းလှန်စစ်ကို ဆင်နွှဲလာရာ ယနေ့အထိ ရန်သူ့စခန်း(၃)ခုနှင့် ရန်သူ့လက်နက် အမြောက်အများ ကို လက်ရသိမ်းပိုက် နိုင်ခဲ့သည်။
၂။ ထိုတိုက်ပွဲများအတွင်း ၂၀၂၂ခုနှစ်၊ မေလ(၁၈)ရက်တွင် ရန်သူက အနှစ်(၃၀)ကျော် သိမ်းပိုက်ထားခဲ့သော သေ့ဘောဘိုးစခန်းကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်မက ရန်သူလက်နက် မျိုးစုံ(၁၅)လက်၊ ကျည်မျိုးစုံ (၇၀၀၀)ကျော်ကိုပါ လက်ရသိမ်းဆည်းနိုင်ခဲ့သည်။
၃။ စစ်အာဏာရှင် ဆန့်ကျင်တိုက်ဖျက်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ကို ရွံ့ရွံ့ချွံချွံ ဆင်နွှဲလျက် ရှိသော KNU/KNLA၊ KNDO၊ PDF နှင့် အခြားမဟာမိတ်အင်အားစုများ ပါဝင်သော ပူးပေါင်းအဖွဲ့၏ ထူးချွန်ပြောင်မြောက်သည့် စစ်ရေးစွမ်းဆောင်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် အထူးဂုဏ်ပြုအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ..."
ရင်းမြစ်:
Ministry of Defence - National Unity Government of Myanmar
Date of Publication:
2022-05-28
Date of entry:
2022-05-30
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
136.62 KB
Resource Type:
text
Text quality:
- Good
