National Unity Government Announcement No.11/2022 - အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ် (၁၁/၂၀၂၂)

Sub-title: 

အကြမ်းဖက်စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုများအား တရားမဝင်ကြောင်းနှင့် အသိအမှတ်ပြုလက်ခံခြင်းရှိမည် မဟုတ်ကြောင်း အသိပေးကြေညာချက်

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မူလပိုင်ရှင် ဖြစ်သည့် ပြည်သူလူထုထံမှ မတရားသဖြင့်လုယူရန် ကြိုးစားနေသော အကြမ်းဖက် အဖွဲ့အစည်းဖြစ်သည်။ ၂။ အကြမ်းဖက်စစ်ကောင်စီသည် ယင်းတို့ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတို့အတွက် ကမ္ဘာ့တရားခွင်တွင် ပြစ်ဒဏ်ချမှတ်ခံရမည့် အဖွဲ့အစည်း လည်းဖြစ်သည်။ ၃။ အဆိုပါ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုထံမှ တိုက်ရိုက်ဆင်းသက် အပ်နှင်းထားသော တရားဝင်အုပ်ချုပ်ခွင့်အာဏာ (de jure power) မရှိသည့်အပြင် တိုင်းပြည်ကို လက်တွေ့ကျကျ နိုင်နင်းစွာအုပ်ချုပ်နိုင်သော အခွင့်အာဏာ (de facto power) လည်း လုံးဝမရှိသည့် တရားမဝင် အဖွဲ့အစည်းဖြစ်သည်။ ၄။ နိုင်ငံတော်၏ စစ်မှန်သောအချုပ်အခြာအာဏာသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲမှ တစ်ဆင့် ပြည်သူလူထုက တရားဝင်အာဏာအပ်နှင်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ ၌သာ တည်သည်။ ၅။ အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက်စစ်ကောင်စီအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့ ရက်စွဲဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပြီးဖြစ်သည်။ ၆။ ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) သည် ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများအကြား ချုပ်ဆိုခဲ့သည့် သဘောတူညီမှု ဖြစ်သည်။ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် စစ်ကောင်စီသည် ပြည်ထောင်စုအစိုးရအလား စာချုပ်ဝင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူ ပြုနိုင်ခွင့် အလျဉ်းမရှိချေ။ ၇။ သို့ပါ၍ အကြမ်းဖက်စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုမှန်သမျှ သည် တရားမဝင်ကြောင်းနှင့် ထိုဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုများကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် ယင်းအားဆက်ခံသော မည်သည့်အစိုးရကမျှ အသိအမှတ်ပြုလက်ခံခြင်းရှိမည်မဟုတ်ကြောင်း အသိပေးကြေညာလိုက်သည်။..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2022-06-01

Date of entry: 

2022-06-01

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

328.5 KB

Resource Type: 

text

Text quality: 

    • Good