ဖော်ပြချက်/အကြောင်းအရာ:
"The National Unity Government of the Republic of the Union of Myanmar condemns the unprovoked acts of war directed against Ukraine and its people. These acts are a flagrant violation of the United Nations (UN) Charter and international law.
The terrifying, escalating attacks on Ukraine – conducted from air, land and sea – have already claimed an unknown number of lives and driven tens of thousands of civilians from their homes.
Myanmar calls on to respect the territorial integrity, independence, and sovereignty of Ukraine. Current situation in Ukraine is a violation of the United Nations Charter and international law and is not a good example in the 21st century. Moreover, it will be a major obstacle to the maintenance of international peace, security, and human development.
Myanmar stands in solidarity with the people of Ukraine.
-------------------------------------------------------------------
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန
ယူကရိန်းနိုင်ငံအရေးနှင့် စပ်လျဥ်းသည့် ထုတ်ပြန်ချက်
၂၅ရက်၊ ဖေဖော်ဝါရီ ၂၀၂၂
============
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရသည် ယူကရိန်းနှင့် ၎င်း၏ပြည်သူ များအပေါ် ဆင်နွှဲလာသည့် စစ်ပွဲကို ရှုတ်ချသည်။ ယင်းလုပ်ရပ်များသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများကို ထင်ရှားစွာ ချိုးဖောက်ခြင်းဖြစ်သည်။
ယူကရိန်းနိုင်ငံအပေါ် ကြောက်မက်ဖွယ်ရာ ပြင်းထန်သော တိုက်ခိုက်မှုများသည် လေကြောင်း၊ ကုန်းမြေနှင့် ရေကြောင်းတို့မှ လုပ်ဆောင်နေပြီး အဆိုပါ တိုက်ခိုက်မှုများကြောင့် အသက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပြီး ထောင်နှင့်ချီသော အရပ်သားများကို ၎င်းတို့၏ နေအိမ်များမှ စွန့်ခွာစေခဲ့ပြီဖြစ်သည်။
ယူကရိန်း၏ နယ်နမိတ်တည်တံ့ခိုင်မြဲမှု၊ လွတ်လပ်မှုနှင့် အချုပ်အခြာအာဏာတို့ကို လေးစားရန် မြန်မာက တောင်းဆိုပါသည်။ အချုပ်အခြာပိုင် နိုင်ငံတခု ကိုကျူးကျော်ခြင်းသည် ကုလသမဂ္ဂ ပဋိညာဥ်ပါ ပြဌာန်းချက်များကို ချိုးဖေါက်ခြင်းဖြစ်ပြီး (၂၁) ရာစု ကမ္ဘာ အတွက် ကောင်းမွန်သည့် နမူနာ တရပ်မဟုတ်ပါ။ ထို့အပြင် ကမ္ဘာငြိမ်းချမ်းရေး ၊ လုံခြုံရေး နှင့် လူသားဖွံ့ဖြိုး တိုးတက်မှုကို ကြီးစွာသော အဟန့်အတားဖြစ်စေမည်ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံသည် ယူကရိန်းပြည်သူများနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်လျက်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်။..."
ရင်းမြစ်:
Ministry of Foreign Affairs - Myanmar - NUG
Date of Publication:
2022-02-25
Date of entry:
2022-02-25
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar, Ukraine
Language:
English, Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
20.72 KB
Resource Type:
text
Text quality:
- Good
