ဥပဒေအထောက်အကူပြုကွန်ရက်၏ထောက်ခံတင်ပြချက် ကုလသမဂ္ဂ နှင့် နိုင်ငံတကာ က NUG အား မြန်မာနိင်ငံ၏ တရားဝင်အစိုးရအနေဖြင့် အသိအမှတ်ပြုသင့်သည့် အခြေအနေများနှင့် လိုအပ်ချက်များ

ဖော်ပြချက်/အကြောင်းအရာ: 

"အသိအမှတ်ပြုသင့်သည့် အခြေအနေများ (၁) အစိုးရ၏ အဓိပ္ပါယ် လူ့သမိုင်းတွင် အစိုးရဟူ၍စတင်ပေါ်လာသည့် အချိန်ကထဲက ယနေ့အထိ အစိုးရ၏အရင်းခံအကျဆုံး တာဝန်မှာ ပြည်သူလူထု၏လုံခြုံမှု ကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။ မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်ခေါင်းဆောင်များက ပြည်သူလူထုအပေါ် နိုင်ငံတကာအဆင့်ပြစ်မှုကြီးများ ကျူးလွန်ကြောင်း ကုလသမဂ္ဂ အဆင့်ကပင် တရားဝင်နည်းလမ်းတကျ စွပ်စွဲထားသည်။ ထို့အပြင် စစ်ကောင်စီအာဏာသိမ်းသည့် ဖေဖော်ဝါရီ လ (၁) ရက်နေ့ ကစ၍လည်း ပြည်သူလူထုအပေါ် ဆက်တိုက်ဆို သလိုပင် နိုင်ငံတကာအဆင့်ပြင်းထန်သည့် ပြစ်မှုကြီးများ ဆက်လက်ကျူးလွန်ဆဲဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတကာ ရာဇဝတ်ကောင်အဆင့်သို့ ကျရောက်နေ ပြီဖြစ်သော အဆိုပါစစ်ခေါင်းဆောင်များအား ကုလသမဂ္ဂ နှင့် နိုင်ငံတကာက မြန်မာနိုင်ငံ၏အစိုးရအနေဖြင့် လုံးဝ အသိအမှတ် မပြုသင့်ပါ။ NUG သည် ယင်းနှင့်ပြောင်းပြန်ပင် လူထုကို ကာကွယ်စောင့်ရှောက်နိုင်ရန် ဘက်ပေါင်းစုံမှနေ၍ ကြိုးစားလျက်ရှိသည်။ (၂) အစိုးရတရပ်၏ တရားဝင်မှုအဓိပ္ပါယ် ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်း၏ အပိုဒ် (၂၀) ပုဒ်ခွဲ (၃)1 တွင် ပြည်သူလူထု၏ ဆန္ဒသည် အစိုးရအာဏာ၏ အခြေခံဖြစ်ရမည်ဟု ပြဌာန်းထားသည်။ ပြည်သူလူထုသည် ၎င်းတို့၏ ဆန္ဒကို ၂၀၂၀ ခုနှစ် နိုဝင်္ဘာလ ရွေးကောက်ပွဲတွင် အတိအလင်းဖော်ပြခဲ့သည်။ ယင်းကို ဆန့်ကျင်၍ စစ်ကောင်စီက အာဏာ သိမ်းခဲ့သောအခါတွင်လည်း စစ်ကောင်စီကို လက်မခံကြောင်းငြိမ်းချမ်းသည့် CDM လှုပ်ရှားမှုကြီးဖြင့် လူဦးရေသန်းနှင့်ချီကာ တပြည်လုံးနီးပါးမျှ လွှမ်းခြုံဆန္ဒပြခဲ့ကြသည်။ ယင်းကဲ့သို့ ပြည်သူလူထုက အနေအထား နှစ်ခုလုံးတွင် ၎င်းတို့၏ဆန္ဒကို ထုတ်ဖော်ခဲ့ပါလျက် ကုလသမဂ္ဂနှင့် နိုင်ငံတကာက အသိအမှတ်မပြုပါက ကုလသမဂ္ဂသည်လည်းကောင်း၊ နိုင်ငံတကာသည်လည်းကောင်း ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းကို ချိုးဖောက်ရာရောက်ပါမည်။ ယင်းသို့မဖြစ်သင့်။ စစ်ကောင်စီကို လုံး၀ အသိအမှတ်မပြုသင့်ပါ။ ပြည်သူလူထု အများစုကြီးဆန္ဒအရ ထောက်ခံမှုရရှိထားသော NUG ကို အသိအမှတ်ပြုသင့်ပါသည်။2 (၃) အစိုးရတရပ်ရပ်ကို အသိအမှတ်ပြုသင့်မသင့်အား ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက်အကူပြုသည့် ဘက်မှနေ၍ စဉ်းစားသင့်ခြင်း ကမ္ဘာ့ငြိမ်းချမ်းရေးကိုဦးတည်ပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ အခြေခံမူများအား လေးစားသည့် အခြေခံမှနေ၍ နိုင်ငံများအတွင်း ဆက်ဆံရေးတည်ဆောက်စေရန်မှာ ကုသမဂ္ဂပဋိညာဉ်စာတမ်း၏ အရေးကြီး သည့်အခြေခံမူတရပ်ဖြစ်ပါသည်။ တောင်အာဖရိကနိုင်ငံတွင် လူဖြူလူမဲခွဲခြားမှုစနစ်ကို ကျင့်သုံးထားသော ၁၉၈၃ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ အခြေခံမူများနှင့် ဆန့်ကျင်ကြောင်းဖြင့် ၁၉၈၄ ခုနှစ်တွင်ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၅၅၄ ဖြင့် ပျက်ပြယ်ကြောင်း ကြေငြာခဲ့ရသည်။3 စစ်အာဏာ ရှင်စနစ်ကို ကျောရိုးပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အခြေခံမူများနှင့် ဆန့်ကျင်ပါသည်။ သို့ဖြစ်၍ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၀၈ ဖွဲ့စည်းပုံကို ပယ်ဖျက်ခဲ့ပြီးဖြစ်သည်။ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ် ပေါ်ပေါက်လာရေးကို ဦးတည်ကြိုးပမ်းလျက်ရှိသည်။ ပြည်သူများတွင် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကိုလည်း အာမခံထားပြီးဖြစ်သည်။ CRPH/NUG သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးတည်သည့်လမ်းကြောင်းကို လျှောက်လှမ်းနေကြောင်းထင်ရှားသည်။ စစ်အာဏာရှင်စနစ်ကို အခိုင်အမာအသက်သွင်းထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်အသုံးပြုပြီး တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးတရပ်လုံးကို ဆက်လက်ဖိနှိပ်လျက် ရှိသော အကြမ်းဘက်အဖွဲ့ စစ်ကောင်စီသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးတည်သည့်လမ်းကြောင်းမှ သွေဖည် လျက်ရှိသည်။ စစ်ကောင်စီကို တရားဝင်အစိုးရအနေဖြင့် အသိအမှတ်ပြုလိုက်မည်ဆိုပါက နိုင်ငံတနိုင်ငံအတွင်း အကြမ်းဘက်သည့် အဆင့်မှနေ၍ နိုင်ငံတကာအကြမ်းဘက်အဖွဲ့အဆင့်သို့ တက်သွားပါမည်။ကမ္ဘာ့ငြိမ်းချမ်း ရေးကို ခြိမ်းခြောက်သည့် အဆင့်သို့ရောက်လာနိုင်ပါသည်။ (၄) နိုင်ငံတကာဥပဒေများ၊ နိုင်ငံတကာဥပဒေ၏ စံချိန်စံညွန်းများ၊ နိုင်ငံတကာပြစ်မှုဆိုင်ရာဥပဒေ၊ နိုင်ငံ တကာလူသားချင်း စာနာထောက်ထားသည့်ဥပဒေ နှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများ အတည်ပြု ကျင့်သုံးခွင့်ရစေရန် တာဝန်ရှိခြင်း NUG နှင့် စစ်ကောင်စီနှစ်ခုအနက် မည်သူ့ကို တရားဝင်အစိုးရအနေဖြင့် အသိအမှတ်ပြုသင့် ကြောင်းအား အထက်ပါအခြေခံမှ ရှေးဦးစွာလေ့လာရန် နိုင်ငံတကာအနေဖြင့် တာဝန်ရှိပါသည်။ နိုင်ငံတကာ အဆင့်ပြင်းထန်ကြီးမားသော ပြစ်မှုကြီးများကျူးလွန်သူများအား ခွင့်လွှတ်၍မရ၊ အရေးယူရမည်ဖြစ်ကြောင်း နိုင်ငံတကာဥပဒေ၏ စံချိန်စံညွှန်း (Peremptory norms/ jus cogen ) လူတိုင်း၊ နိုင်ငံတိုင်း လိုက်နာကြရမည့် တာဝန် (Erga omnes ) ကို နိုင်ငံတကာအနေဖြင့် သတိပြုစေလိုပါသည်။ စစ်ကောင်စီအဖြစ် အာဏာ မသိမ်းမှီ နှင့် အာဏာသိမ်းပြီးနောက်ပိုင်းတွင်ပါ မြန်မာစစ်တပ်(တပ်မတော်)၏ ထိပ်ပိုင်းခေါင်းဆောင် များသည်ပြစ်မှု ကြီးများအား ကျူးလွန်ခဲ့ကြောင်းထင်ရှားပါသည်။ အာဏာမသိမ်းမှ ီ ရှေ့ပိုင်းတွင်ကျူးလွန ် ခဲ့သောပြစ်မှုကြီးများ အတွက် ကမ္ဘာ့တရားရုံး ICJ တွင် မြန်မာနိုင်ငံသည် အမှုရင်ဆိုင်ရလျက်ရှိပြီး4 နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး ICC တရားစွဲအရာရှိကလည်း တရားဝင်စုံစမ်းစစ်ဆေး (Investigation) လုပ်လျက်ရှိပါသည်။5 ကုလသမဂ္ဂနှင့် နိုင်ငံတကာက စစ်ကောင်စီအား တရားဝင်အစိုးရအနေဖြင့် အတည်ပြုလိုက်ပါ က ရာဇဝတ်ကောင်ကို သူတော်စင်အနေဖြင့် အသိအမှတ်ပြုလိုက်ရာရောက်ပါမည်။ အထက်ပါ နိုင်ငံတကာ ဥပဒေများနှင့် နိုင်ငံတကာစံချိန်စံညွန်းများအား ပျက်ရယ်ပြုရာလည်းရောက်ပါမည်။ နိုင်ငံတကာဥပဒေ ကော်မရှင်က ပြဌာန်းပေးပြီး ကမ္ဘာ့တရားရုံး ICJ ကပင် လိုက်နာကျင့်သုံးလျက်ရှိသော နိုင်ငံတကာ အဆင့်မှားယွင်းသောပြုမူမှုများအတွက်နိုင်ငံများ၏ တာဝန်ရှိမှု ပြဌာန်းချက်အား6 ကုလသမဂ္ဂ ကိုယ်တိုင်က ချိုးဖောက်ရာရောက်ပါမည်။ ICC အနေဖြင့်သော်လည်းကောင်း၊ ICJ အနေဖြင့်သော်လည်းကောင်း အရေးယူ ဆောင်ရွက်နေသည့် မှုုခင်းကြီးများရှုံးနိမ့်စေရန် စစ်ကောင်စီက သက်သေခံပစ္စည်းများအား ဖျောက်ဖျက်နိုင် ခြေကို နိုင်ငံတကာက အားပေးလိုက်ရာရောက်ပါမည်။ နိုင်ငံတကာအဆင့် တရားရုံးကြီးများ၏ လုပ်ငန်းများ ကို ပံ့ပိုးပေးရာမရောက်ဘဲ၊ နှောက်ယှက်ရာရောက်ပါမည်။ စစ်ကောင်စီအား တရားဝင်အစိုးရအနေဖြင့် လုံးဝ အသိအမှတ်မပြုသင့်ပါ။..."

ရင်းမြစ်: 

Legal Aid Network

Date of Publication: 

2021-08-31

Date of entry: 

2021-09-01

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

697.8 KB

Resource Type: 

text

Text quality: 

    • Good