ဖော်ပြချက်/အကြောင်းအရာ:
"ဇူလိုင်လ ၂၃ ရက် ၂၀၂၁ ခုနှစ်။
=================
သို့
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(မြန်မာ)
အကြောင်းအရာ။ ။နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံး အကူအညီပေးရန် ကိစ္စ။
၁။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အာဏာ ကို အကြမ်းဖက်စစ်ကောင်စီသည် မတရားသောနည်းဖြင့် အကြမ်းဖက်သိမ်းယူခဲ့ပါသည်။
၂။ နိုင်ငံတော်၏ခေါင်းဆောင်များဖြစ်သည့်နို်ငငံတော်သမ္မတဦးဝင်းမြင့်၊နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အပါအဝင် နိုင်ငံအကြီးအကဲများ ၊ စာပေအနုပညာရှင်များ ၊ တက်ကြွ လှုပ်ရှားသူများ နှင့် ရဟန်သံဃာတော်များကိုလည်း နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခြင်း ၊ စစ်ကြောရေး စခန်းများ ၊ လုံခြုံရေးကန့်သတ်ထားသည့်နေရာများနှင့် အကျဉ်းထောင်များတွင် မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင်ခြင်းခံရပါသည်။
၃။ နိုင်ငံတော်အာဏာကို တရားမဲ့ရယူသည်ကို မကျေနပ်သဖြင့် ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်ခဲ့ကြ သည့် ပြည်သူလူထု (၅၀၀၀) ကျော်ကိုလည်း မတရားဖမ်းဆီးချုပ်နှောင်ထားခြင်း ခံရဆဲဖြစ်ပါသည်။
၄။ ထိုသို့ မတရားဖမ်းဆီးချုပ်နှောင်ထားခြင်းခံရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား အကျဉ်းထောင် ၊ အချုပ်ခန်း ၊ စစ်ကြောရေးစခန်းနှင့် စစ်ဆေးရုံများတွင် ချုပ်နှောင်ထားရှိရာတွင် လူ့ဂုဏ်သိက္ခာကျင့်ဝတ်နှင့် လျော်ညီစွာထားရှိမှုမရှိပဲ သန့်ရှင်းသော သောက်သုံးရေ၊ အစားအသောက်၊ နေရာထိုင်ခင်းနှင့် ဆေးဝါးကုသခံရမှုတို့ ချို့ယွင်းလိုအပ်လျက်ရှိကြောင်း ကြားသိရပါသည်။
၅။ အကျဉ်းကျခံနေရသူများ၏ သက်ဆိုင်ရာမိသားစုများကို ထောင်ဝင်စာပေးခွင့်မပြုခြင်း၊ မိသားစုနှင့်အဆက်အသွယ်မရရှိခြင်း နှင့် တရားဥပဒေနှင့်အညီခုခံချေပခွင့် မရရှိခြင်းစသည်တို့ နစ်နာဆုံးရှုံးလျက်ရှိနေပါသည်။
၆။ ကိုဗစ်တတိယလှိုင်းကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်း မရှိခြင်းကြောင့် အကျဉ်းထောင်များ အတွင်းတွင်လည်း ကူးစက်မှုများ များစွာဖြစ်ပွားလျက်ရှိကြောင်းနှင့် လိုအပ်သောကာကွယ်ကုသရေး များကိုလုံလောက်စွာ ပေးအပ်နိုင်ခြင်းမရှိကြောင်းတွေ့မြင်ကြားသိနေရပါသည်။
၇။ ယခုအခါတွင် ကိုဗစ်ရောဂါပိုးကူးစက်မှုကြောင့် အကျဉ်းသားသေဆုံးမှုများနှင့် ကျန်းမာရေး ချို့တဲ့သောအကျဉ်းသားများ ရောဂါပြင်းထန်ခံစားနေရမှုများကို နေ့စဉ်ကြားသိနေရပါသည်။
၈။ အကျဉ်းထောင်များအတွင်းတွင်လည်း လူ့ဂုဏ်သိက္ခာနှင့် မညီသော ဆက်ဆံခံရမှုများကြောင့် လူ့ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံခံရရေးအတွက် တိုက်ပွဲဝင်တောင်းဆိုမှုများကိုလည်း ကြားသိနေရပါသည်။
၇။ သို့ဖြစ်ပါ၍ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(မြန်မာ) အနေဖြင့် ယုံကြည်ချက် ကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ၏ နစ်နာဆုံးရှုံးလိုအပ်ချက်များကို ကော်မတီ၏တာဝန်ဖြစ်သည့် နိုင်ငံတကာကျင့်ဝတ်များနှင့်အညီ အမြန်ဆုံးကူညီပေးနိုင်ပါရန် တိုက်တွန်းအပ်ပါသည်။
ဒေါ်ဖြူဖြူသင်း
မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
အတွင်းရေးမှူးအဖွဲ့ဝင်၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ..."
ရင်းမြစ်:
Committee Representing Pyidaungsu Hluttaw (CRPH)
Date of Publication:
2021-07-23
Date of entry:
2021-07-23
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
444.54 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (Burmese version)
