Description:
"တိုင်းရင်းသားပြည်သူတရပ်လုံးက လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အမှန်တကယ်တည်ဆောက်နိုင်တဲ့အထိ NUCC အနေနဲ့ မဆုတ်မနစ်ကြိုးပမ်းလုပ်ဆောင်မယ်လို့အလေးအနက် ကတိပြု
ဖေဖော်ဝါရီ ၁၂ ၊ ၂၀၂၂
စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေး၊ ပင်လုံစာချုပ်၊ ပင်လုံ ကတိကဝတ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အခြေခံမှုတွေအပေါ်အခြေပြုတဲ့ ညီညွတ်ရေး၊ ကတိကဝတ်တွေကို အကောင်အထည်ဖော်ရေး၊ လူမျိုးကြီးဝါဒချုပ်ငြိမ်း ရေးတွေကို ဖော်ဆောင်ပြီး တိုင်းရင်းသား ပြည်သူတရပ်လုံးက လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အမှန်တကယ် တည်ဆောက်နိုင်တဲ့အထိ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - NUCC က မဆုတ်မနစ် ကြိုးပမ်းလုပ်ဆောင်သွားမှာဖြစ် တယ်လို့ အလေးအနက်ကတိပြုကြောင်း ပင်လုံစာချုပ် ချုပ်ဆိုတဲ့ ၇၅ နှစ်မြောက်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြလိုက်တာပါ။
အစိုးရ အဆက်ဆက်က ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်တွေကို ချိုးဖောက်ကာ သမိုင်းတလျှောက် ရက်ရက်စက်စက် ဖိနှိပ်အနိုင်ကျင့်ခဲ့မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေအတွက် မိမိတို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - NUCC အနေနဲ့လည်း တိုင်းရင်းသားပြည်သူတရပ်လုံးကို လေးနက်စွာတောင်းပန်တယ်လို့ ဖော်ပြထားပါတယ်။
ခေတ်အဆက်ဆက်စစ်အာဏာရှင်တွေ၊ အစိုးရတွေက ပြည်သူလူထုအပေါ် ခွဲခြားဖိနှိပ်မှုတွေ၊ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့မှုနဲ့ပတ်သက်ပြီး နစ်နာသူများအား အမျိုးသား ညီညွတ်ရေး အစိုးရကယနေ့ ပြည်သူ့အစိုးရတရပ်ဖြစ်တာနဲ့အညီ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် တောင်းပန်ပြီး လုပ်ဆောင် သင့်တဲ့ ကိစ္စရပ်တွေကို ပြတ်ပြတ်သားသား လုပ်ဆောင်သွားဖို့လည်း တိုက်တွန်းထားတာတွေ့ရပါတယ်။
အစိုးရအဆက်ဆက်က ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်ကို ဖော်ဆောင်ဖို့ ပျက်ကွက်ခဲ့ကြတာကြောင့် တိုင်းရင်းသားပြည်သူတို့ရဲ့ နစ်နာဆုံးရှုံးခဲ့ရမှုတွေကို ယနေ့ကာလ ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးရဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်နေသော အမျိုးသားညီညွတ်ရေးအစိုးရ- NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက ရှင်းရှင်းလင်းလင်းသိမြင်နေမှာလို့ ပြောထား ပါတယ်။
ဒါအပြင် အဲဒီလို ထပ်မံမဖြစ်ပွားစေဖို့နဲ့ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်တွေကို တိကျစွာဖော်ဆောင်ရန်မှာ လွန်စွာမှ အရေးကြီး တယ်ဆိုတာနဲ့ တိုင်းရင်း သားပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကိုလည်း ပင်လုံစာချုပ်၊ ပင်လုံကတိ ကဝတ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အတိုင်း အကောင်အထည်ဖော်ဆောင်သွားရန် လိုအပ်တယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအနေနဲ့ကတော့ စစ်အာဏာရှင် စနစ်နဲ့ အာဏာရှင် စနစ်မှန်သမျှ ချုပ်ငြိမ်းမှသာလျှင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မှာဖြစ်တယ်လို့လည်း ထောက်ပြထားတာတွေ့ရပါတယ်။..."
Source/publisher:
National Unity Consultative Council
Date of Publication:
2022-02-12
Date of entry:
2022-02-12
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
434.39 KB
Resource Type:
text
Text quality:
- Good
