Statement of Union Minister of Ministry of Foreign Affairs on her visit to the United States in May 2022 - နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ၏ ၂၀၂၂ ခုနှစ် မေလ အတွင်း သွားရောက်ခဲ့သော အမေရိကန်ပြည်ထောင်စု ခရီးစဥ်နှင့် ပက်သက်၍ သတင်းထုတ်ပြန်ကြေညာချက်

Description: 

"A delegation led by the Union Minister for Foreign Affairs of National Unity Government visited the United States from 11 to 22 May 2022 during the US-ASEAN Summit held in Washington, DC and has met exclusively with senior officials including Deputy Secretary of State from the United States Department of State, members of Congress including the leader of the United States Senate, leaders of ASEAN including Malaysian Foreign Minister and thus, the National Unity Government of the Republic of the Union of Myanmar (NUG) would like to express its sincere gratitude to the United States Government and officials for hosting such important diplomatic meetings. • During the visit, Daw Zin Mar Aung Union Minister for Foreign Affairs of the National Unity Government and delegation met with Mrs. Wendy Sherman, US Deputy Secretary of State and both parties had a cordial and open discussion regarding ethical issues related to the self-sacrificing efforts of the people of Myanmar for the emergence of a new federal democracy nation in the future, the efforts of the National Unity Government (NUG), the position of the National Unity Government (NUG) on the potential future of Myanmar, updates on international relations of the National Unity Government (NUG) in engaging with the world countries including ASEAN and its neighbors, humanitarian assistance for the people of Myanmar who are suffering under the illegal rule of the terrorist military regime. • The delegation also met with Rob Berschinski (Special Assistance to the President - S. Director for Democracy & Human Rights) who had expressed that President Joe Biden and United States would continue to put pressure for accountability and responsibility of the human rights violations of the military junta and that they stood with the struggle of the Myanmar people. Daw Zin Mar Aung, Union Minister of Ministry of Foreign Affairs also discussed setting military compliance measures and regulations including the violence of the military junta and the ground situation of the struggle of Myanmar people and the political developments including judiciary and local administration arrangements. • During the visit, Daw Zin Mar Aung, Union Minister of Foreign Affairs of the National Unity Government met privately with other leaders, including the Malaysian Foreign Minister. During a private meeting with the Malaysian Foreign Minister, efforts and challenges of the National Unity Government (NUG) along with the people of Myanmar, issues related to cooperation including Myanmar refugee’s crisis and humanitarian assistance were discussed and Malaysia Foreign Minister expressed that Malaysia was ready to whatever it could to help bring peace and restore democracy in Myanmar. • Daw Zin Mar Aung, Union Minister of the National Unity Government of the Republic of the Union of Myanmar and Deputy Minister for Foreign Affairs met with US Senate Republican Leader Senator Mitch McConnell at his Congress Office. During the meeting, the topics discussed were acts of repression of the military junta and the Myanmar people's struggle for a new future nation of federal democracy, support of the Myanmar pro-democracy movement and continued support of international assistance including the United States to Myanmar crisis. • The delegation also met with Democratic senators Jeff Merkley and Edward Markey at the US Congress to discuss the current ground situations, cutting off the revenue sources of the terrorist military junta, imposing sanctions against Myanmar Oil and Gas Enterprise (MOGE) as one of the military council's main sources of revenue and putting pressure to take action against military junta for human rights abuses. • As actual progress of the meetings taken place during the visit, a briefing by the US Congress on Burma, which is part of The National Defense Authorization Act (NDAA), was held on May 25 and Congress questioned representatives of President Biden's government regarding US government policies on Burma and actual implementation. In his speech, Senator Mitch McConnell mentioned that he had met with the Union Minister for Foreign Affairs of the National Unity Government who raised the issues of promoting the legitimacy of civilian leaders representing the people against the junta, imposing sanctions on the revenue sources of the military junta and providing effective, substantive, and direct assistance to the people of Myanmar. In addition, he included questions such as while the people of Myanmar were unanimously opposing the military rule, it was important to gain the support of the world, so how was President Biden’s government preparing for engagement, support and formal recognition of institutions that have public representation such as the National Unity Government (NUG), the National Unity Consultative Council (NUCC) and the People's Defense Force (PDF) that the National Unity Government (NUG) is very pleased with the progress that has been made. • The National Unity Government (NUG) of the Republic of the Union of Myanmar states that it will continue to work closely with United States and ASEAN countries regarding the discussions during the visit.....• ဝါရှင်တန်ဒီစီမြို့တော်တွင် ကျင်းပသည့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲကာ လ အတွင်း အမေရိကန်ပြည်ထောင်စု သို့ အမျိုးသားညီညွတ်ရေး အစိုးရကိုယ်စားနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ သည် ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့ အထိ အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စု နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ဒုတိယနိုင်ငံခြားရေး၀န်ကြီးအပါအ၀င် အဆင့်မြင့်အရာရှိကြီးများ၊ အမေရိကန် အထက်လွှတ်တော် ကိုယ်စားလှယ်ခေါင်းဆောင် အပါအ၀င် လွှတ်တော်ကိုယ်စား လှယ်များ၊ အာဆီယံ မှ မလေးရှားနိုင်ငံခြားရေး ဝန်ကြီး အပါအဝင် ခေါင်းဆောင်များနှင့် သီးသန့်တွေ့ဆုံလျက် သံတမန်ရေး အရအရေးကြီးသော အစည်း၀ေးများ ကျင်းပ နိုင်ခဲ့သည့်အတွက် ဖိတ်ကြား စီစဥ် ပေးသော အမေရိကန် ပြည်ထောင်စု အစိုးရ နှင့် တာဝန်ရှိသူများအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) မှလှိုက်လှဲစွာ အထူးကျေးဇူးတင်ရှိပါသည်။ • ခရီးစဥ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန် နိုင်ငံခြား‌ရေးဝန်ကြီးဌာန ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဝင်ဒီရှားမန် Mrs. Wendy Sherman နှင့် တွေ့ဆုံခဲ့ပြီး အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် ပေါ်ပေါက်လာနိုင်ရေးအတွက် မြန်မာပြည်သူ တို့၏ စွန့်လွှတ်အနစ်နာခံ ကြိုးပမ်းနေမှုများနှင့် စပ်လျဥ်းသည့် ကျင့်၀တ်ဆိုင်ရာကိစ္စရပ်များ၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၏ကြိုးပမ်းလုပ်ဆောင်နေမှုများ၊ မြန်မာနိုင်ငံ၏ အနာဂတ် အလားအလာ နှင့်ပတ်သတ်၍ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၏ သဘောထား၊ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများ အပါအ၀င် ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံဆောင်ရွက်နေသည့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၏ နိုင်ငံတကာ ဆက်ဆံရေးအခြေအနေများ၊ အကြမ်းဖက် စစ်အုပ်စု ၏တရားမဲ့ အုပ်စိုးမှုအောက်တွင် ဘေးဒုက္ခအန္တရယ်ကျရောက်နေသည့် မြန်မာပြည်သူများ အတွက် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များကို စနစ်တကျ ဆောင်ရွက်နိုင်ရေး တို့အား နှစ်ဖက် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးနိုင်ခဲ့ပါသည်။ • အမေရိကန် သမ္မတ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ ရော့ဘာရှင်းစကီး - Rob Berschinski ( Special Assistance to the President- S. Director for Democracy & Human Rights) နှင့် လည်းတွေ့ဆုံခဲ့ပြီး ၎င်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အမေရိကန်ပြည်ထောင်စုသည် စစ်ကောင်စီ၏လူ့အခွင့်အရေး ချိုးဖောက်မှု များ အပေါ် တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေးအတွက် ဆက်လက်ဖိအားပေး လုပ်ဆောင်သွား မည် ဖြစ်ကြောင်း၊ မြန်မာ ပြည်သူများ ၏ရုန်းကန် လှုပ်ရှားမှု နှင့် အတူရပ်တည်နေကြောင်း ပြောကြားခဲ့သလို၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင်မှလည်း စစ်ကောင်စီ၏ အကြမ်းဖက်မှု အခြေအနေများ၊ မြန်မာပြည်သူများ ၏ ရုန်းကန်လှုပ်ရှားမှု မြေပြင်အခြေအနေများ အပါအဝင် စစ်ဘက်ဆိုင်ရာ လိုက်နာရမည့် အစီအမံ နှင့်စည်းကမ်း ချမှတ် ထားမှုများ၊ တရားစီ ရင်ရေး၊ ဒေသန္တရအုပ်ချုပ်ရေး စီမံထားရှိမှု အခြေအနေ များ အပါအဝင် နိုင်ငံရေးဆိုင်ရာ တိုးတက်မှုဖြစ်စဉ်များအား ဆွေးနွေး ခဲ့ပါသည်။ • ခရီးစဥ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင်သည် မလေးရှားနိုင်ငံခြားရေး၀န်ကြီး အပါအဝင် အခြား ခေါင်းဆောင်များနှင့် သီးသန့်တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။​ မလေးရှား နိုင်ငံခြားရေး ၀န်ကြီးနှင့် သီးသန့်တွေ့ဆုံဆွေးနွေးမှု အတွင်း မြန်မာပြည်သူများနှင့် အတူ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) မှ ကြိုးပမ်း ဆောင်ရွက်နေမှုများနှင့် စိန်ခေါ်မှုများ၊ မြန်မာဒုက္ခ သည် များ အရေးနှင့် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီ ပေးရေးကိစ္စရပ်အပါအ၀င် ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ပြီး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေး တို့အတွက် မလေးရှား နိုင်ငံမှ တတ်စွမ်းသမျှ ကူညီရန် အသင့်ရှိကြောင်း ဆွေးနွေးခဲ့ပါသည်။ • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့သည် အမေရိကန်အထက်လွှတ်တော် ရီပတ်ပလင်ကင်ခေါင်းဆောင် Senator Mitch McConnell နှင့် ၄င်း၏ လွှတ်တော်ရုံးတွင် တွေ့ဆုံခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံမှုတွင် အကြမ်းဖက်စစ်ကောင်စီ ၏ ဖိနှိပ်ညှဉ်းပန်းမှုလုပ်ရပ်များနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်လာနိုင်ရေး အတွက် မြန်မာပြည်သူ တို့၏ ခုခံတွန်းလှန်နေမှုများ၊ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ထောက်ခံ ပံ့ပိုးရေး၊ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာမှ မြန်မာ့အရေး ဆက်လက် ကူညီမှုပေးနိုင်ရေး တို့ကို ဆွေးနွေးခဲ့ပါသည်။ • ထို့ပြင် ဒီမိုကရက်တစ်ပါတီ မှ Senator Jeff Merkley, Senator Edward Markey တို့နှင့်လည်း အမေရိကန်လွှတ်တော်ရုံးတွင် သီးသန့်တွေ့ဆုံခဲ့ပြီး လက်ရှိမြေပြင် အခြေအနေများ၊ အကြမ်းဖက် စစ်ကောင်စီ၏ ၀င်ငွေအရင်းအမြစ်များ ကိုဖြတ်တောက်ရေး၊ စစ်ကောင်စီ၏ အဓိက ဝင်ငွေ ရလမ်းတခုဖြစ်သောမြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူ နိုင်ရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် အကြမ်းဖက် စစ်အုပ်စုအား အရေးယူ ဖိအားပေး နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေး ခဲ့ပါသည်။ • ခရီးစဥ်အတွင်း ဆွေးနွေးမှုများ၏ လက်တွေ့တိုးတက်မှုများအနေဖြင့် The National Defense Authorization Act (NDAA) တွင်ပါ၀င်သော မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အမေရိကန် လွှတ်တော် ၏ ကြားနာမှု briefing ကို မေလ ၂၅ ရက်နေ့ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အမေရိကန် အစိုးရ၏ မူဝါဒများ၊ လက်တွေ့ဆောင်ရွက်နေမှုများ ပတ်သက်၍ ကြားနာပွဲ သို့တက်ရောက် လာသော အမေရိကန်သမ္မတဘိုင်ဒန် အစိုးရ ကိုယ်စားလှယ်များအား လွှတ်တော်က မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်းသိရပါသည်။ • Senator Mitch McConnell ၏မိန့်ခွန်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံခဲ့ပြီး စစ်အစိုးရကို ဆန့်ကျင်နေသော ပြည်သူ့ကိုယ်စား ပြု အရပ်ဘက် ခေါင်းဆောင်များ၏ တရားဝင်မှုကို မြှင့်တင်ပေးရန်၊ စစ်ကောင်စီ၏ ၀င်ငွေ အရင်းအမြစ် များ ထောက်တိုင်များအား ပိတ်ဆို့အရေးယူမှု များ ဆောင်ရွက်ရန်၊ မြန်မာပြည်သူ များအား ထိရောက်ခိုင်မာသော တိုက်ရိုက် အကူအညီများ ပေး ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ကဆွေးနွေးခဲ့ကြောင်း ထည့်သွင်း ဖော်ပြခဲ့သည်ကို တွေ့ရပါသည်။ ထို့ပြင် မြန်မာပြည်သူများ သည် စုစည်းညီညွတ်စွာဖြင့် စစ်အုပ်ချုပ်ရေး အား ရွတ်ရွတ်ချွံချွံနဲ့ တွန်းလှန် နေချိန် တွင် ကမ္ဘာကြီး၏ ထောက်ခံမှုကို ရရှိရန် အရေးကြီးသဖြင့် သမ္မတ ဂျိုးဘိုင်ဒန် အစိုးရအဖွဲ့ အနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ အမျိုးသား ညီညွတ်ရေး မတိုင်ပင်ခံကောင်စီ NUCC နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF စသော ပြည်သူ့ကိုယ်စားပြု အဖွဲ့အစည်းများအား ထိတွေ့ဆက်ဆံ၊ ထောက်ပံ့ပြီး တရားဝင် အသိအမှတ် ပြုရန် အတွက် မည်သို့ပြင်ဆင် ဆောင်ရွက် နေသနည်း- စသည်တို့အား ထည့်သွင်း မေးမြန်းခဲ့ကြောင်း သိရှိရသည့် အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အနေဖြင့် တိုးတက်မှုများ အတွက်များစွာ အားရ ကျေနပ် ရပါသည်။ • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ခရီးစဉ်အတွင်း ဆွေးနွေးမှုများနှင့်စပ်လျဥ်းပြီး အမေရိကန်ပြည်ထောင်စု၊ အာဆီယံ နိုင်ငံများနှင့် အတူ ဆက်လက် ဆောင်ရွက်ရန်ရှိသည်များကို နီးကပ်စွာ ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။..."

Source/publisher: 

Ministry of Foreign Affairs - Myanmar - NUG

Date of Publication: 

2022-06-03

Date of entry: 

2022-06-03

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

English, Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf pdf

Size: 

178.98 KB 809.52 KB

Resource Type: 

text

Text quality: 

    • Good