ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ပျံလွှားအောင် စစ်ဆင်ရေး ၈ ခု ကြေငြာချက်ထုတ်

Description: 

"ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ က “ပျံလွှားအောင်" စစ်ဆင်ရေး ၈ ခုကို ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၂၉ မနက် ၁၀ နာရီခွဲလောက်က ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းမပေါ် အခွန်ရုံးရှေ့မှာရပ်ထားတဲ့ စစ်ကောင်စီဘက်လက်ပါးစေအသုံးပြုတဲ့ ကားတစ်စီးကို YRF အဖွဲ့က လက်လုပ်မိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၂၉ ရက်နေ့ မနက် ၆ နာရီ ‌လောက်မှာ အင်းစိန်မြို့နယ်၊ ရွာမရဲစခန်းကို YFA နဲ့ CGF-HTY တို့ပူးပေါင်းပြီး ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လှိုင်မြို့နယ်၊ ဘူတာရုံလမ်းနဲ့ အောက်ဗဟိုလမ်းကြား ရထားသံလမ်းအနီး ကင်း လှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုလဲ ဒီဇင်ဘာ ၂၈ ရက် ည ၁၀ နာရီခွဲလောက်မှာ ပဒေသာမိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တောင်ဒဂုံ ကွမ်းခြံကုန်း မင်္ဂလာဒုံ စမ်းချောင်းနဲ့ မှော်ဘီမြို့နယ်တွေမှာလဲ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က သေဆုံးသူ ၄ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိတာ ပျက်စီးဆုံးရှုံးတာတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။..."

Source/publisher: 

Ministry of Defence of NUG – Yangon Division Military Region Supervision Team

Date of Publication: 

2021-12-29

Date of entry: 

2021-12-29

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

176.5 KB

Resource Type: 

text

Text quality: 

    • Good