ရက္ခိုင့်တပ်တော် ထူထောင်ခြင်း (၁၃) နှစ်ပြည့် အထိမ်းအမှတ်နေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

Description: 

"အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် ရရှိရေးနှင့် စစ်အာဏာရှင်စနစ် ဖြုတ်ချနိုင်ရေးအတွက် ရခိုင်ပြည်သူလူထုကိုဦးဆောင်ပြီး တော်လှန်ရေးတိုက်ပွဲများ ဆင်နွှဲနိုင်ရန်အတွက် ထူထောင်ခဲ့သည့် ရက္ခိုင့်တပ်တော်(AA)၏ (၁၃)နှစ်ပြည့်အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စား ဂုဏ်ပြုအသိအမှတ် ပြုအပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် အာဏာရှင်များ ခေတ်အဆက်ဆက်ကျင့်သုံးခဲ့သည့် လူမျိုးကြီးဝါဒနှင့် တပြည်ထောင်အုပ်ချုပ်ရေးစနစ်ကို အပြီးတိုင် ဖျက်သိမ်းပြီး တိုင်းရင်းသားလူမျိုး အားလုံး၏ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ကို အာမခံသည့် နိုင်ငံရေးစနစ်သစ် ဖန်တီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယနေ့ကျရောက်သော ရက္ခိုင့်တပ်တော် (AA)၏ (၁၃)နှစ်ပြည့်အခမ်းအနား အောင်မြင်ပါစေကြောင်းနှင့် ရခိုင်လူမျိုးများနှင့်အတူ ရက္ခိုင့်တပ်တော်၏ နိုင်ငံရေးရည်မှန်းချက်များ ပြီးမြောက်အောင်မြင်ပါစေကြောင်း အထူးဆုမွန်ကောင်းတောင်းရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။..."

Source/publisher: 

President Office, National Unity Government

Date of Publication: 

2022-04-10

Date of entry: 

2022-04-10

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

250.76 KB

Resource Type: 

text

Text quality: 

    • Good