“ပညာဖြင့်တော်လှန်၊ နွေဦးရဲ့အောင်လံ” Virtual Live Show ကျေးဇူးတင်ဂုဏ်ပြုစကား

Description: 

"၁။ ၂၀၂၁ ခုနှစ်၊ နို၀င်ဘာ (၁၃)ရက်နေ့တွင် ပြုလုပ်ခဲ့သော“ပညာဖြင့်တော်လှန်၊ နွေဦးရဲ့အောင်လံ” Virtual Live Show ပွဲဖြစ်မြောက်အောင် နည်းပညာပိုင်း တွင်လိုလေသေးမရှိအောင် ကူညီဆောင်ရွက်ပေးကြသော ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင်နှင့် တကွ MoCIT အဖွဲ့သားများ၊ ပညာရှင်များ၊နည်းပညာရှင်များအားလုံးနှင့် Live streaming ပြုလုပ်နိုင်ရန် အသုံးပြုခွင့်ပေးသူ၊ အွန်လိုင်းလက်မှတ် ရောင်းချခြင်းမှ အစ Live Show အစီအစဉ် ဖြစ်မြောက်အောင် နည်းလမ်းရှာဖွေ စီစဉ်ပေးကြသူများ၊ ပါ၀င်ကူညီကြသူများအားလုံး၊ ၂။ ပွဲကို ဦးဆောင်စီစဉ်ပေးသူ Education and Healthcare for Myanmar မှ ကိုရောဘတ်စောထူးအောင်၊ ကိုရန်နိုင်ဘို၊ ကိုရန်ကုန်နှင့် အဖွဲ့သားများအားလုံး၊ ၃။ တော်လှန်ရေးစိတ်ဓါတ်အပြည့်ဖြင့် အခက်အခဲအမျိုးမျိုးကြားမှ ပါဝင်ကူညီပေးကြသော နိုင်ငံကျော် ရုပ်ရှင်၊ ဂီတ၊ DJ၊ စာပေ၊ ပန်းချီ၊ performance၊ ကာတွန်း အနုပညာရှင်များ၊ Guest Speaker အဖြစ် ပါဝင်အားဖြည့်ပေးကြသော ထင်ရှားသော နိုင်ငံရေး ဦးဆောင် လှုပ်ရှားသူများ၊ social influencer များအားလုံး၊ ၄။ နိုင်ငံအသီးသီးမှ တော်လှန်ရေးစိတ် ထက်သန်စွာဖြင့် အားတက်တရော လက်မှတ်ကူညီ ရောင်းပေးကြသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအားလုံး၊ ၅။ လိုအပ်သော ဒီဇိုင်းနှင့် Multi-media ပိုင်းကူညီပန့်ပိုးပေးသော ပညာရေးဝန်ကြီးဌာန Media Team ၆။ တော်လှန်ရေး အောင်စေချင်သောစိတ်ဓါတ် အပြည့်ဖြင့် လက်မှတ်များ ဝယ်ယူအားပေးကြသော ပြည်တွင်းပြည်ပ မိဘပြည်သူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း အလေးအနက် ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။..."

Source/publisher: 

Ministry of Education, National Unity Government of Myanmar

Date of Publication: 

2021-11-14

Date of entry: 

2021-11-14

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

118.7 KB

Resource Type: 

text

Text quality: 

    • Good