အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန - ကြေညာချက်အမှတ် (၁၈/၂၀၂၄)

Sub-title: 

“ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့် (ဒုတိယအကြိမ်) လျှောက်ထားနိုင်မည့်ကာလ ရက်တိုးမြှင့်ကြောင်း အသိပေးကြေညာချက်”

Description: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန https://moe.nugmyanmar.org ကြေညာချက်အမှတ် (၁၈/၂၀၂၄) ၁၃၈၆ ခု၊ ဝါဆိုလဆုတ် ၆ ရက် (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်) “ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့် (ဒုတိယအကြိမ်) လျှောက်ထားနိုင်မည့်ကာလ ရက်တိုးမြှင့်ကြောင်း အသိပေးကြေညာချက်” ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ကြားကာလတက္ကသိုလ်များ၏တက္ကသိုလ်ဝင်ခွင့် (ဒုတိယအကြိမ်) လျှောက်ထားနိုင်မည့်ကာလသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၇) ရက် မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့အထိ ဖြစ်ပါသည်။ သို့သော် မြေပြင်အခြေအနေများ၊ သက်ဆိုင်ရာပညာရေးအစုအဖွဲ့များ၏ ညှိနှိုင်းပန်ကြားချက်များ၊ မိဘပြည်သူများ၏ အကြံပြုပန်ကြားချက်များအရ အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားကြရန် ကျန်ရှိနေသည့် ကျောင်းသား၊ကျောင်းသူများအတွက် ဤ ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့် (ဒုတိယအကြိမ်) လျှောက်ထားနိုင်မည့်ကာလကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၃) ရက်၊ မြန်မာစံတော်ချိန် ည (၁၂:၀၀) နာရီအထိ တိုးမြှင့်သတ်မှတ် လက်ခံပေးမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။ သို့ဖြစ်ပါ၍ ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ကြားကာလတက္ကသိုလ် များ၏ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် (ဒုတိယအကြိမ်) (ဇွန်လ၊ ၂၀၂၄ ခုနှစ်) တွင်ဖော်ပြပါရှိသော တက္ကသိုလ်အလိုက် ဝင်ခွင့်ခေါ်ယူသည့် အကြောင်းအရာ၊ အချက်အလက်အသေးစိတ်တို့ကို ကြိုတင်လေ့လာပြီး သတ်မှတ်ချက်များနှင့်အညီ တက္ကသိုလ်ဝင်ခွင့် အချိန်မီ တင်သွင်းလျှောက်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။..... ပညာရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ..."

Source/publisher: 

Ministry of Education, National Unity Government of Myanmar

Date of Publication: 

2024-07-26

Date of entry: 

2024-07-26

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

59.23 KB

Resource Type: 

text

Text quality: 

    • Good