အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အမိန့်ကြေညာစာမှတ် (၂/၂၀၂၃)

Sub-title: 

အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုရန် ကြေညာခြင်း

Description: 

"၁။ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်,ဖက်ဆစ်စစ်အုပ်စုသည် တရားမဝင် အတု အယောင် ရွေးကောက်ပွဲအတွက် ဇန်နဝါရီလ (၉) ရက်နေ့မှ ၃၁ ရက်နေ့အထိ (၂၃) ရက်တာ “တစ်အိမ်တက်ဆင်း” လူဦးရေစာရင်း ကောက်ယူသွားရန် ဆောင်ရွက်လျှက်ရှိသော်လည်း အချို့သောနေရာများတွင် ဇန်နဝါရီလ ၇ ရက်နေ့ ကတည်းက စစ်ကောင်စီ၏ လက်ကိုင်တုတ် ဖြစ်သော အုပ်ချုပ်ရေးအဖွဲ့များနှင့် လဝကအဖွဲ့များက လူဦးရေနှင့် သန်းခေါင်စာရင်းများကို အတင်းအကျပ်ကောက်ခံနေပြီဖြစ်ကြောင်း သိရှိရပါသည်။ ၂။ အဆိုပါ အကြမ်းဖက်,ဖက်ဆစ် စစ်အုပ်စု၏ တရားမဝင်အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်_ (က) ပြည်သူများအနေဖြင့် ဇန်နဝါရီလ (၉) ရက်နေ့မှ (၃၁) ရက်နေ့အထိ အကြမ်းဖက်,ဖက်ဆစ်စစ်အုပ်စု၏ တစ်အိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်ကို ငြင်းဆန်၍ မပူးပေါင်းကြရန် မေတ္တာရပ်ခံ အပ်ပါသည်။ ( ခ) တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်းကောက်ယူနိုင်ရေးအတွက် အားပေး အားမြှောက်ပြုဆောင်ရွက်ကြသည့် အကြမ်းဖက်,ဖက်စစ်စစ်အုပ်စု၏ အုပ်ချုပ် ရေးအဖွဲ့များ၊ လဝကအဖွဲ့များနှင့် အခြားမည်သည့်ဒေါက်တိုင်မဆို အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။..."

Source/publisher: 

Ministry of Home Affairs and Immigration - NUG

Date of Publication: 

2023-01-09

Date of entry: 

2023-01-09

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

293.32 KB

Resource Type: 

text

Text quality: 

    • Good