Sub-title:
အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုရန် ကြေညာခြင်း
ဖော်ပြချက်/အကြောင်းအရာ:
"၁။ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်,ဖက်ဆစ်စစ်အုပ်စုသည် တရားမဝင် အတု အယောင် ရွေးကောက်ပွဲအတွက် ဇန်နဝါရီလ (၉) ရက်နေ့မှ ၃၁ ရက်နေ့အထိ (၂၃) ရက်တာ “တစ်အိမ်တက်ဆင်း” လူဦးရေစာရင်း ကောက်ယူသွားရန် ဆောင်ရွက်လျှက်ရှိသော်လည်း အချို့သောနေရာများတွင် ဇန်နဝါရီလ ၇ ရက်နေ့ ကတည်းက စစ်ကောင်စီ၏ လက်ကိုင်တုတ် ဖြစ်သော အုပ်ချုပ်ရေးအဖွဲ့များနှင့် လဝကအဖွဲ့များက လူဦးရေနှင့် သန်းခေါင်စာရင်းများကို အတင်းအကျပ်ကောက်ခံနေပြီဖြစ်ကြောင်း သိရှိရပါသည်။
၂။ အဆိုပါ အကြမ်းဖက်,ဖက်ဆစ် စစ်အုပ်စု၏ တရားမဝင်အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်_
(က) ပြည်သူများအနေဖြင့် ဇန်နဝါရီလ (၉) ရက်နေ့မှ (၃၁) ရက်နေ့အထိ အကြမ်းဖက်,ဖက်ဆစ်စစ်အုပ်စု၏ တစ်အိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်ကို ငြင်းဆန်၍ မပူးပေါင်းကြရန် မေတ္တာရပ်ခံ အပ်ပါသည်။
( ခ) တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်းကောက်ယူနိုင်ရေးအတွက် အားပေး အားမြှောက်ပြုဆောင်ရွက်ကြသည့် အကြမ်းဖက်,ဖက်စစ်စစ်အုပ်စု၏ အုပ်ချုပ် ရေးအဖွဲ့များ၊ လဝကအဖွဲ့များနှင့် အခြားမည်သည့်ဒေါက်တိုင်မဆို အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။..."
ရင်းမြစ်:
Ministry of Home Affairs and Immigration - NUG
Date of Publication:
2023-01-09
Date of entry:
2023-01-09
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
293.32 KB
Resource Type:
text
Text quality:
- Good
