National Unity Government: Ministry of Education Announcement No.5/2022 - အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန ကြေညာချက်အမှတ်(၅/၂၀၂၂)

Sub-title: 

ပညာရေး၀န်ကြီးဌာနမှအရည်အသွေးပြည့်ဝသည့်ကြားကာလအဆင့်မြင့်နှင့်သက်မွေးပညာရေး လုပ်ငန်းများဆောင်ရွက်နေခြင်းအား အသိပေးကြေညာခြင်း

Description: 

"၁။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ကာ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်နေကြသော အမှန်တရားကို မြတ်နိုးကျင့်သုံးနေကြသည့် ကျောင်းသား၊ ကျောင်းသူများ အတွက် အာမခံချက်ရှိပြီး တရားမျှတသော ကြားကာလပညာရေးကို အမြဲမပြတ် အလေးပေး ဆောင်ရွက်လျက်ရှိပါသည်။ အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ပြီး ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်စေသော အသုံးချခံပညာရေးစနစ်တွင် ပါဝင်ပတ်သက်နေသူများကို Non-CDM များအဖြစ် သတ်မှတ်ကြောင်း သက်ဆိုင်ရာကျောင်းကောင်စီအသီးသီးမှ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ပညာရေးဝန်ကြီးဌာနမှလည်း ကြေညာချက်အမှတ် (၃/၂၀၂၁)၊ (၁၁/၂၀၂၁)၊ (၂၀/၂၀၂၁) နှင့် (၄၀/၂၀၂၁) တို့ဖြင့် ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်သည်။ ၂။ သို့ဖြစ်ပါ၍ အဓမ္မနည်းလမ်းအမျိုးမျိုးဖြင့် စစ်ကျွန်ပညာရေးယန္တရားလည်ပတ်နိုင်ရန်အတွက် တက္ကသိုလ်များ ဖွင့်ရန် အားထုတ်ခြင်း၊ တက္ကသိုလ်၀င်တန်းအောင် စာမေးပွဲများ ကျင်းပခြင်း၊ တက္ကသိုလ်ပထမနှစ် ၀င်ခွင့်များ ခေါ်ယူခြင်း တို့ပြုလုပ်ကာ အကြမ်းဖက်စစ်ကောင်စီက ကြိုးစားနေရာတွင် အဆိုပါယန္တရားတွင် ပါ၀င်နေသော ကျောင်းသား၊ကျောင်းသူများအား Non-CDM ကျောင်းသား၊ကျောင်းသူများအဖြစ် သတ်မှတ်ပါသည်။ (၂၀၂၀)ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်ထားသော်လည်း စစ်ကောင်စီ၏တက္ကသိုလ်ဝင်ခွင့်ကို လျှောက်ထား ခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများကို CDM ကျောင်းသား၊ကျောင်းသူများအဖြစ် ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်။ ၃။ ဖိအားအမျိုးမျိုးကြောင့် တက္ကသိုလ်၀င်ခွင့်လျှောက်ခဲ့ရပြီး ဝင်ခွင့်ရသွားသော်လည်း ကျောင်းတက်ခြင်းမပြုဘဲ စစ်ကျွန်ပညာရေးအား သပိတ်မှောက်သည့် တက္ကသိုလ်၀င်တန်း အောင်မြင်ထားသူ ကျောင်းသား၊ ကျောင်းသူ လူငယ်များကို သက်ဆိုင်ရာကျောင်းကောင်စီအသီးသီးမှ CDM ကျောင်းသား၊ ကျောင်းသူများဟု မှတ်တမ်းတင်ထားရှိသည်ကို ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ ၄။ တော်လှန်ရေးကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူ ခွင့်မဆုံးရှုံးစေရေး အတွက် သက်ဆိုင်ရာကျောင်း ကောင်စီ အသီးသီးမှလည်း ကြားကာလသင်ကြားရေး အစီအစဉ် များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနမှလည်း Open Access Education/ Open University (OU) အား ပြည်တွင်းပြည်ပပညာရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဖော်ဆောင်လျက် ရှိပါသည်။ ထို့အပြင် သင်ကြားရေးအစီအစဉ်များတွင် သက်မွေးနှင့်နည်းပညာဆိုင်ရာ သင်တန်းများ ကိုလည်း ထည့်သွင်း သင်ကြားသွားနိုင်ရန် စီစဉ်ထားပါသည်။ ၅။ တိုင်းရင်းသားပညာရေးအဖွဲ့အစည်းများ နှင့် ရွေ့ပြောင်းကျောင်းသားပညာရေးအဖွဲ့အစည်းများနှင့်လက်တွဲ၍ စဉ်ဆက်မပြတ်ပညာရေးကို ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသား ပညာရေးအဖွဲ့အစည်းများ နှင့် ရွေ့ပြောင်းကျောင်းသားပညာရေးအဖွဲ့အစည်းများမှ ကျင်းပသော တက္ကသိုလ်ဝင်တန်း သို့မဟုတ် အထက်တန်း (၁၀ တန်း) စာမေးပွဲများအောင်မြင်လာသော ကျောင်းသား၊ကျောင်းသူများသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး ဝန်ကြီးဌာနနှင့် တက္ကသိုလ်၊ဒီဂရီကောလိပ်၊သိပ္ပံများ မှ စီစဉ်ဆောင်ရွက်နေသည့် ကြားကာလ အဆင့်မြင့်ပညာ၊ သက်မွေးပညာများကို သင်ယူခွင့်ရှိမည် ဖြစ်ပါသည်။ ၆။ Open Access Education/ Open University (OU)တွင် အောက်ပါအစီအစဉ် (၃) ရပ်ဖြင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ (က)ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ရပ်တန့်ခဲ့ရသော အတန်းပညာရေးများ အတွက် ဆရာဆရာမ၊ ကျောင်းသူ ကျောင်းသား သမဂ္ဂများနှင့် ကျောင်းကောင်စီများ၏ သဘောတူညီမှု ဖြင့် ဖော်ဆောင်သွားမည် ဖြစ်ပါသည်။ (ခ)(၂၀၂၀) ခုနှစ်တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းရင်းသား ဒေသကျောင်းများ နှင့်ရွှေ့ပြောင်းကျောင်းသား၊ကျောင်းသူများအတွက် တက္ကသိုလ် မရောက်မီ ၎င်းတို့သိသင့်သိထိုက်သော အသိပညာ၊ အတတ်ပညာများ ရနိုင်ရန်အတွက် Core Curriculum များကို Certificate Course (သို့မဟုတ်) Diploma သင်တန်းများအဖြစ် ပို့ချနိုင်ရန် ပြင်ဆင်နေပါသည်။ (ဂ)သတ်မှတ်ချက်နှင့် ကိုက်ညီသော စိတ်ပါဝင်စားသည့် မည်သူမဆို လွတ်လပ်စွာတက်ရောက် လေ့လာ သင်ယူနိုင်မည့် Certificate Course (သို့မဟုတ်) Diploma သင်တန်းများအဖြစ် ပို့ချနိုင်ရန် ပြင်ဆင်နေပါသည်။..."

Source/publisher: 

Ministry of Education, National Unity Government of Myanmar

Date of Publication: 

2022-05-06

Date of entry: 

2022-05-06

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

658.9 KB

Resource Type: 

text

Text quality: 

    • Good