National Unity Government: Ministry of Education Announcement No.6/2022 - အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန ကြေညာချက်အမှတ်(၆/၂၀၂၂)

Sub-title: 

အဆင့်မြင့်ပညာကဏ္ဍနှင့် သက်မွေးပညာကဏ္ဍမှ ကျောင်းသား၊ ကျောင်းသူများအတွက် သာတူညီမျှပညာရေးအစီအစဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

Description: 

"၁။ အဆင့်မြင့်ပညာကဏ္ဍနှင့် သက်မွေးပညာကဏ္ဍမှ ကျောင်းသား၊ ကျောင်းသူများအတွက် ကြားကာလ ပညာရေးပြင်ဆင်နေမှုများကို ဖက်ဒရယ်ဒီမိုကရေစီအတွက် အထောက်အကူပြုရန်၊ တော်လှန်ရေးအောင်မြင်မှုကို အထောက်အကူပြုရန်၊ စဉ်ဆက်မပြတ်ပညာရေးကို အကောင်အထည်ဖော်ရန် နှင့် အရည်အချင်းပြည့်မီသည့် လူ့စွမ်းအားရင်းမြစ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ၂။ ဖော်ပြပါပညာရေးရည်ရွယ်ချက်များနှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ယာယီတက္ကသိုလ်/ဒီဂရီကောလိပ်/သိပ္ပံကျောင်း ကောင်စီ များမှလည်းကောင်း ကြားကာလ ပညာရေးအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ၃။ ထိုကြားကာလပညာရေးအစီအစဉ်များတွင် တက်ရောက်သင်ယူနေသော ကျောင်းသား၊ ကျောင်းသူများရှိသကဲ့သို့ စစ်အုပ်စု၏ ဖိနှိပ်မှုများ နှင့် အခက်အခဲအမျိုးမျိုးကြောင့် ကြားကာလပညာရေး အစီအစဉ်များတွင် ပါဝင်နိုင်ခြင်း မရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တော်လှန်ရေးလှုပ်ရှားမှုအသီးသီးတွင် ကိုယ်ကျိုးစွန့်အနစ်နာခံ၍ ပါဝင်နေကြသော ကျောင်းသား၊ ကျောင်းသူများလည်း ရှိပါသည်။ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးအတွက် သာတူညီမျှရှိ၍ အာမခံချက်ပေးနိုင်သည့် ပညာရေးမူဝါဒများနှင့် အစီအစဉ်များကို သက်ဆိုင်ရာ အစုအဖွဲ့အသီးသီးနှင့် ဆွေးနွေးတိုင်ပင်ပြီး ပြုလုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။..."

Source/publisher: 

Ministry of Education, National Unity Government of Myanmar

Date of Publication: 

2022-05-06

Date of entry: 

2022-05-07

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

265.84 KB

Resource Type: 

text

Text quality: 

    • Good