National Unity Government: Ministry of Education Announcement No.3/2022 - အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန ကြေညာချက်အမှတ်(၃/၂၀၂၂)

Sub-title: 

အသိအမှတ်ပြုကြောင်းကြေညာခြင်း

Description: 

"၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ၂၀၂၁ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့တွင် ကြေညာချက်အမှတ်(၂/၂၀၂၁)ဖြင့် ကြားကာလယာယီတက္ကသိုလ်ကောင်စီများအား အသိအမှတ်ပြုမည် ဖြစ်ကြောင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ၂။ ပညာရေးဝန်ကြီးဌာနသို့ ကြားကာလယာယီတက္ကသိုလ်ကောင်စီဖွဲ့စည်းပြီး ဖြစ်ကြောင်းကို [email protected] နှင့် [email protected] Email သို့ (၂၃ ရက် အောက်တိုဘာလ ၂၀၂၁ မှ ၂၀ ရက် ဖေဖော်ဝါရီလ ၂၀၂၂ နံနက် ၉:၀၀ နာရီအထိ ) ပေးပို့လာသော အောက်ဖော်ပြပါ ကြားကာလယာယီ တက္ကသိုလ်ကောင်စီများနှင့် ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီများကို အသိအမှတ်ပြုပါကြောင်း နှင့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မဟာဗျူဟာ၊ မူဝါဒနှင့်အညီ ဝန်ကြီးဌာန၏ စုပေါင်း အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် ကြားကာလ ယာယီတက္ကသိုလ်ကောင်စီများ နှင့်အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာလိုက်သည်။ (1) ဗန်းမော်တက္ကသိုလ်ကောင်စီ (2) တောင်ကုတ် တက္ကသိုလ် ကြားကာလ ယာယီတက္ကသိုလ်ကောင်စီ (3) နည်းပညာ တက္ကသိုလ် (ပခုက္ကူ) တက္ကသိုလ်ကောင်စီ (ယာယီ) (4) မော်လမြိုင်ပညာရေးဒီဂရီကောလိပ်ယာယီအုပ်ချုပ်ရေးကောင်စီ (5) အနုပညာအထက်တန်းကျောင်း ကြားကာလယာယီပညာရေးကောင်စီ (6) အစိုးရ စက်မှုလက်မှု သိပ္ပံ (ဂန့်ဂေါ) ယာယီကျောင်းအုပ်ချုပ်ရေး ကောင်စီ ၃။ ကြားကာလယာယီတက္ကသိုလ်ကောင်စီ (သို့မဟုတ်) ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီများ ဖွဲ့စည်းပြီးသော်လည်း [email protected] နှင့် [email protected] သို့ Email ပေးပို့ရန် ကျန်ရှိသောကျောင်းများ နှင့် ဖွဲ့စည်းရန်ကျန်ရှိသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများမှ ကြားကာလယာယီတက္ကသိုလ် ကောင်စီများ (သို့မဟုတ်) ကြားကာလယာယီစီမံအုပ်ချုပ်ရေးကောင်စီများ ဖွဲ့စည်းပြီးပါကဖွဲ့စည်းပြီးကြောင်းကို[email protected] နှင့်[email protected] Email သို့ ဆက်သွယ်ပေးပို့ပါရန်နှင့် ဆက်သွယ်ပေးပို့လာမှုအတိုင်း အသိအမှတ်ပြုကြောင်းကို ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။..."

Source/publisher: 

Ministry of Education, National Unity Government of Myanmar

Date of Publication: 

2022-02-20

Date of entry: 

2022-02-20

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

130.01 KB

Resource Type: 

text

Text quality: 

    • Good