National Unity Government: Ministry of Education Announcement No.2/2022 - အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန ကြေငြာချက် အမှတ် (၂/၂၀၂၂)

Sub-title: 

ယာယီဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်/ကျောင်း ကောင်စီများ၏ ကြားကာလပညာရေး၊သင်ကြားရေးအစီအစဉ်များနှင့်ပတ်သက်သောထုတ်ပြန်ကြေညာချက်

Description: 

"၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စစ်အာဏာရှင် တော်လှန်ရေး ကာလတစ်လျှောက် ကြားကာလပညာရေးသင်ကြားရေးအစီအစဉ်များကို ဆောင်ရွက်လျက် ရှိရာ ဆေးနှင့်ဆေးနှီးနွှယ် ကျောင်းသားကျောင်းသူများအတွက် ပြည်တွင်း/ပြည်ပမှ ပညာရှင် များ၊ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ယာယီဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်/ကျောင်း ကောင်စီများနှင့်လက်တွဲ၍ ထိန်းချုပ်နယ်မြေများရှိ ဆေးရုံ/ဆေးခန်းများတွင် စာတွေ့လက်တွေ့ သင်ကြားမှုများ၊ အွန်လိုင်းမှတစ်ဆင့် သင်ကြားပို့ချမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။ ၂။ သက်ဆိုင်ရာအတန်းအလိုက် ဖွင့်လှစ်သင်ကြားလျက်ရှိသော သင်တန်းများတွင် တက်ရောက် လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အရည်အချင်းဆန်းစစ်မှု စာမေးပွဲများနှင့် အတန်းတင်စာမေးပွဲများကို ကျင်းပပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိပြီး မကြာမီကာလအတွင်း ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။ ၃။ အကြမ်းဖက်စစ်ကောင်စီကို ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာနှင့် ပြည်သူ လူထုက အသိအမှတ်ပြုလက်ခံထားခြင်း မရှိသောကြောင့် ၎င်းတို့ တရားမဝင် ဖွင့်လှစ် သင်ကြားဆောင်ရွက်လျက်ရှိသော သင်တန်းများ၊ အရည်အချင်းဆန်းစစ်မှု စာမေးပွဲများ၊ အတန်းတင် စာမေးပွဲများနှင့် ဘွဲ့လက်မှတ်များကို လုံးဝ အသိအမှတ်ပြုမည် မဟုတ်ပါ။ ၄။ ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ယာယီ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်/ကျောင်းကောင်စီ များ၏ ထုတ်ပြန်ကြေညာချက်များ၊ မူဝါဒများနှင့်အညီ ထောက်ခံရပ်တည်လျက်ရှိပြီး စစ်ကောင်စီသင်တန်းများက ပေးအပ်သည့် အသိအမှတ်ပြုလက်မှတ်များ၊ ဘွဲ့လက်မှတ်များ အသုံးပြု၍ ပြည်တွင်းပြည်ပရှိ တက္ကသိုလ်များတွင် ဝင်ခွင့်လျှောက်ထားခြင်းနှင့် အလုပ် အကိုင်များ လျှောက်ထားခြင်းတို့ကိုလည်း ထောက်ခံအသိအမှတ်ပြုမည်မဟုတ်ပါ။ ၅။ အကြမ်းဖက်စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနတွင် စစ်ကောင်စီအလိုကျ ဆောင်ရွက် နေသော ဆရာ၊ ဆရာများနှင့် ဝန်ထမ်းများကို ပြည်သူ့တရားစီရင်ရေးနှင့်အညီ အပြစ်ပေး အရေးယူသွားမည်ဖြစ်ပြီး စစ်ကောင်စီ၏ တရားမဝင် သင်တန်းများတွင် တက်ရောက်နေ သော ကျောင်းသား၊ ကျောင်းသူများကိုလည်း သက်ဆိုင်ရာ ယာယီ ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်/ကျောင်းကောင်စီများ၏ ထုတ်ပြန်ကြေညာချက်များ၊ မူဝါဒများနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။..."

Source/publisher: 

Ministry of Education, National Unity Government of Myanmar

Date of Publication: 

2022-02-07

Date of entry: 

2022-02-07

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

141.79 KB

Resource Type: 

text

Text quality: 

    • Good