Sub-title:
အကြမ်းဖက်စစ်ကောင်စီတပ်များကို စစ်ဆင်ရေးအရ အရေးယူတုန့်ပြန်ခဲ့ခြင်းဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၁၁/၂၀၂၁)
Description:
"ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေအပေါ် ပျံလွှားအောင် စစ်ဆင်ရေး ၄ ခု ဆောင်ရွက်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ က ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၂၂ ရက် နံနက် ၅ နာရီခွဲဝန်းကျင်လောက်မှာ ပဲခူးလမ်းမကြီးပေါ်က ဒဂုံဆိပ်ကမ်းမြို့နယ် ဒဂုံဆိပ်ကမ်းရဲစခန်းကို ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ ခု ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး တချို့ ဒဏ်ရာရတယ်လို့ သိရပါတယ်။
ဒါအပြင် ဒီဇင်ဘာ ၂၁ ရက် ည ၇ နာရီလောက်မှာ ဒဂုံအရှေ့မြို့နယ် အနော်ရထာလမ်းမကြီးပေါ်မှာ စစ်ကောင်စီ ယာဉ်တန်းကို ရှေ့ထွက် မိုင်းတစ်လုံးနဲ့ နောက်ထပ်မိုင်း ၂ လုံး မိုက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီဇင်ဘာ ၂၀ ရက်နေ့မှာလဲ သုံးခွမြို့နယ်ကိုလာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို အဝေးထိန်းမိုင်း ၅ လုံးနဲ့ တိုက်ခိုက်လိုက်ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တဆက်ထဲ ဒီဇင်ဘာ ၂၀ ရက်မှာပဲ စမ်းချောင်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်တွေ သွားလာလှုပ်ရှားနေတဲ့ မုန့်လက်ဆောင်ကုန်း ရပ်ကွက်ရုံးကို အဝေးထိန်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။..."
Source/publisher:
Ministry of Defence - National Unity Government of Myanmar
Date of Publication:
2021-12-22
Date of entry:
2021-12-22
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
141.11 KB
Resource Type:
text
Text quality:
- Good
