အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ စစ်ရေးအရ အရေးယူတုန့်ပြန်တိုက်ခိုက်တဲ့ စစ်ဆင်ရေး ၄ ခု ထုတ်ပြန်

Sub-title: 

အကြမ်းဖက်စစ်ကောင်စီတပ်များကို စစ်ဆင်ရေးအရ အရေးယူတုန့်ပြန်ခဲ့ခြင်းဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၁၁/၂၀၂၁)

Description: 

"ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေအပေါ် ပျံလွှားအောင် စစ်ဆင်ရေး ၄ ခု ဆောင်ရွက်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ က ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက် နံနက် ၅ နာရီခွဲဝန်းကျင်လောက်မှာ ပဲခူးလမ်းမကြီးပေါ်က ဒဂုံဆိပ်ကမ်းမြို့နယ် ဒဂုံဆိပ်ကမ်းရဲစခန်းကို ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ ခု ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး တချို့ ဒဏ်ရာရတယ်လို့ သိရပါတယ်။ ဒါအပြင် ဒီဇင်ဘာ ၂၁ ရက် ည ၇ နာရီလောက်မှာ ဒဂုံအရှေ့မြို့နယ် အနော်ရထာလမ်းမကြီးပေါ်မှာ စစ်ကောင်စီ ယာဉ်တန်းကို ရှေ့ထွက် မိုင်းတစ်လုံးနဲ့ နောက်ထပ်မိုင်း ၂ လုံး မိုက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့မှာလဲ သုံးခွမြို့နယ်ကိုလာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို အဝေးထိန်းမိုင်း ၅ လုံးနဲ့ တိုက်ခိုက်လိုက်ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ တဆက်ထဲ ဒီဇင်ဘာ ၂၀ ရက်မှာပဲ စမ်းချောင်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်တွေ သွားလာလှုပ်ရှားနေတဲ့ မုန့်လက်ဆောင်ကုန်း ရပ်ကွက်ရုံးကို အဝေးထိန်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။..."

Source/publisher: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2021-12-22

Date of entry: 

2021-12-22

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

141.11 KB

Resource Type: 

text

Text quality: 

    • Good