Ministry of Home Affairs and Immigration: Announcement No.8/2021 - ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ကြေညာချက်အမှတ် (၈/၂၀၂၁)

Description: 

"လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများကိုယ်စားပြုကော်မတီ ဖွဲ့စည်းကြောင်းကြေညာခြင်း ကြေညာချက်အမှတ် (၈ /၂၀၂၁) ၃၀ ရက်၊ အောက်တိုဘာလ ၂၀၂၁ ခုနှစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူသိမ်းပိုက်ခဲ့သော အကြမ်းဖက်စစ်ကောင်စီအား အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement - CDM) ဖြင့် ပါဝင်လှုပ်ရှားနေကြသည့် CDM လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ညှိနှိုင်းတိုင်ပင်ပြီးသည့်နောက် CDM လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ကြုံတွေ့နေရသော အခက်အခဲများအားကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် နှင့် ပြည်သူလူထုဗဟိုပြုလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်တကျ စုဖွဲ့ဆောင်ရွက်နိုင်ရန် တို့အတွက် “လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများကိုယ်စားပြု ကော်မတီ” အားဖွဲ့စည်းလိုက်သည်။ ပုံ လွင်ကိုလတ် ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ.."

Source/publisher: 

Ministry of Home Affairs and Immigration - Myanmar

Date of Publication: 

2021-10-30

Date of entry: 

2021-10-31

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

164.17 KB

Resource Type: 

2021-10-31