Description:
"လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများကိုယ်စားပြုကော်မတီ ဖွဲ့စည်းကြောင်းကြေညာခြင်း
ကြေညာချက်အမှတ် (၈ /၂၀၂၁)
၃၀ ရက်၊ အောက်တိုဘာလ ၂၀၂၁ ခုနှစ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူသိမ်းပိုက်ခဲ့သော အကြမ်းဖက်စစ်ကောင်စီအား အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement - CDM) ဖြင့် ပါဝင်လှုပ်ရှားနေကြသည့် CDM လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ညှိနှိုင်းတိုင်ပင်ပြီးသည့်နောက် CDM လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ကြုံတွေ့နေရသော အခက်အခဲများအားကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် နှင့် ပြည်သူလူထုဗဟိုပြုလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်တကျ စုဖွဲ့ဆောင်ရွက်နိုင်ရန် တို့အတွက် “လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများကိုယ်စားပြု ကော်မတီ” အားဖွဲ့စည်းလိုက်သည်။
ပုံ
လွင်ကိုလတ်
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ.."
Source/publisher:
Ministry of Home Affairs and Immigration - Myanmar
Date of Publication:
2021-10-30
Date of entry:
2021-10-31
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
164.17 KB
Resource Type:
2021-10-31
