နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ချက်သမ္မတနိုင်ငံ သို့လာရောက်ခြင်း နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်

Description: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် Fourm 2000 အခမ်းအနားနှင့် ချက်သမ္မတနိုင်ငံခရီးစဉ်နှင့်ပက်သက်၍ ချက်သမ္မတနိုင်ငံအား အထူးကျေးဇူး တင်ကြောင်း ဖော်ပြလိုပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် လူ့အခွင့်အရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ချက်သမ္မတနိုင်ငံတွင် တာ၀န်ထမ်းဆောင်လျက်ရှိသော အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ် ဦးလင်းသန့်တို့ နှင့်အတူ ခရီးစဥ်ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Jan Lipavský၊ ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ Ms. Markéta Pekarová Adamová ၊ ကာကွယ်ရေးနှင့် လုံခြုံရေး ကော်မတီဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် Pavel Fisher တို့အပါအဝင် ချက်သမ္မတ နိုင်ငံမှ ဂုဏ်သရေရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့သည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် သည် ကွယ်လွန်သူသမ္မတ ဗက်ကလပ်ဟာဗဲလ်၏ အုတ်ဂူသို့လည်းသွားရောက်ကာ ၎င်း၏ ဒီမိုကရေစီရေးကတိကဝတ်များနှင့် မြန်မာနိုင်ငံပြည်သူများနှင့် ခိုင်မာသောသွေးစည်းညီညွတ်မှု အစဥ်ပြသခဲ့ခြင်းကျေးဇူးဂုဏ်တို့အား လေးစားစွာအောက်မေ့ရည်မှတ်လျက် သွားရောက် ဂါရဝ ပြုခဲ့ပါသည်။ ချက်သမ္မတနိုင်ငံသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာနိုင်ငံပြည်သူများအား ခိုင်မာသော ထောက်ခံအားပေးသူအဖြစ် ဆက်လက်တည်ရှိနေကာ ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခွင့်ပေးခဲ့သည့် ပထမဆုံးနိုင်ငံလည်း ဖြစ်သည်။ ဝန်ကြီးဒေါ်ဇင်မာအောင်က အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်ရာတွင် ပြည်သူများ၏ သမိုင်းဝင် ပေါင်းစည်းညီညွတ်မှုနှင့် လူထုလှုပ်ရှားမှုများ ပေါင်းစည်းလာနိုင်မှု၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ (ERO)၊ ဒေသခံလူမှုအဖွဲ့အစည်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ ကျယ်ပြန့်စွာ ပါဝင်သော ပေါင်းစည်းမှုအပါအဝင် မြန်မာလူထု၏ အရေးပါသော အောင်မြင်မှုများကို အဓိကထား ဆွေးနွေးခဲ့ပါသည်။ တော်လှန်ရေးတပ်ဖွဲ့များသည် နယ်မြေထိန်းချုပ်မှု ကြီးထွားလာသည် နှင့်အမျှ ကျန်းမာရေး စောင့်ရှောက်မှု၊ လူသားချင်း စာနာထောက်ထားမှုအကူအညီ၊ ပညာရေးနှင့် အခြားပြည်သူ့ဝန်ဆောင်မှုများ ပေးဆောင်ခြင်းတို့အား ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် လိုအပ်လာကြောင်းဆွေးနွေးခဲ့ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် လူနည်းစုများကို အကာအကွယ်ပေးရေးတို့အာ အခြေခံလျက်၊ နိုင်ငံတကာ တရားမျှတမှုနှင့် တာဝန်ခံမှုဆိုင်ရာ အခြေခံမူများကိုဖော်ဆောင်ရန်ဦးတည်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်တွင် ပါ၀င်သော မျှော်မှန်းချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးရာတွင် - နိုင်ငံရေးဖြစ်စဉ်များနှင့်ပက်သက်၍ ယခင်ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များမှ သင်ခန်းစာများ ရယူခဲ့ထားပြီး တိုင်းရင်းသားအသိုက်အဝန်းများ၏ ဆယ်စုနှစ်များစွာကြာမြင့်နေပြီ ဖြစ်သည့် တန်းတူရေးနှင့် နိုင်ငံရေးပြဿနာကို ယုံကြည်မှု အခြေခံလျက် ဖြေရှင်းနိုင်ရန်နှင့် ရိုဟင်ဂျာများ၏ ဆန္ဒအလျောက် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရေးဆိုင်ရာ ကတိကဝတ်များလည်း ပါဝင်သည်။ စစ်အာဏာရှင်တို့က အရပ်သားများအပေါ် စကားလုံးဖြင့် ပြောဆိုရန်ပင် မဖြစ်နိုင်သော ရက်စက်ကြမ်းကြုတ်နေမှုများကိုလည်း ပြောဆိုတင်ပြခဲ့ပြီး၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများကို စစ်အာဏာရှင်တို့က လက်နက်သဖွယ် အသူံးချနေခြင်းနှင့် လူပေါင်း တစ်သန်းနီးပါးကို အတင်းအကျပ် ရွှေ့ပြောင်းစေခဲ့ခြင်းများအားလည်းဆွေးနွေးခဲ့ပါသည်။ ပြည်သူလူထုအား ဆင်းရဲဒုက္ခပိုရောက်လာစေရန် တမင် ရည်ရွယ်သည့် ဤအစွန်းရောက်မှု များသည် မအောင်မြင်သောစစ်အာဏာသိမ်းမှုတွင် စစ်အာဏာရှင်တို့၏အချည်းနှီးဖြစ်နေမူကို ထင်ရှားစေပါသည်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်များအပေါ်မယိမ်းမယိုင်ထောက်ခံခဲ့သော ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Jan Lipavský၊ အောက်လွှတ်တော်ဥက္ကဋ္ဌ Ms. Markéta Pekarová Adamová နှင့် အထက်လွှတ်တော်အမတ် Pavel Fisher တို့၏အာမခံချက် များကို ကြိုဆိုလိုက်ပြီး၊ ဥရောပသမဂ္ဂဥက္ကဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း အမျိုးသားညီညွတ်ရေး အစိုးရနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုခိုင်မာအားကောင်းလာစေရန်အတွက် ချက်သမ္မတနိုင်ငံ အနေဖြင့် ကြားခံထောက်ကူဆောင်ရွက်ပေးနိုင်ပါရန် ဝန်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်း တောင်းဆိုပါသည်။ ၀န်ကြီးဒေါ်ဇင်မာအောင်က ချက်သမ္မတနိုင်ငံပြည်သူများ၏ မြန်မာပြည်သူများအပေါ် စဉ်ဆက် မပြတ်အားပေးမှုအတွက် လှိုက်လှဲစွာကျေးဇူးတင်ကြောင်းပြောကြားကာ၊ မြန်မာပြည်သူလူထု၏ အခွင့်အရေးအတွက် တိုက်ပွဲ၀င်နေသောတော်လှန်ရေးကြီး အောင်မြင်မည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ကြောင်းပြောဆိုခဲ့ပါသည်။..."

Source/publisher: 

Ministry of Foreign Affairs - Myanmar - NUG

Date of Publication: 

2022-09-08

Date of entry: 

2022-09-09

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar, Czech Republic

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

626.65 KB

Resource Type: 

text

Text quality: 

    • Good