နှစ် (၆၀) ပြည့် တအောင်းအမျိုးသားတော်လှန်ရေးနေ့သို့ ပေးပို့သောဂုဏ်ပြုသဝဏ်လွှာ

Description: 

"၁။​ယနေ့ ကျရောက်သော နှစ် (၆၀) ပြည့် တအောင်းအမျိုးသားတော်လှန်ရေးနေ့ နေ့ထူးနေ့မြတ်တွင် တအောင်းအမျိုးသား ပြည်သူတရပ်လုံး စိတ္တသုခ၊ကာယသုခနှစ်ဖြာ ပြည့်စုံကြပါစေဟု ဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ၂။​၁၉၆၃ ခုနှစ်မှစတင်၍ တအောင်းအမျိုးသားပြည်သူများသည် အာဏာရှင်အဆက်ဆက်ကို ရရာလက်နက်စွဲကိုင်ပြီး ခုခံတွန်းလှန်ခဲ့ကြသည်။ ၃။​နှစ်ပေါင်း (၆၀) တော်လှန်ရေးခရီးအတွင်း အသက်၊သွေး၊ချွေး၊စည်းစိမ်များစွာ ရင်းနှီးပေးဆပ် စွန့်လွှတ်တိုက်ပွဲဝင်ခဲ့သော တအောင်းအမျိုးသား သူရဲကောင်းအာဇာနည်များနှင့်တကွ တအောင်း ပြည်သူများအားလုံးကို လေးနက်စွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။ ၄။​၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်မှ မတရားအာဏာသိမ်းယူမှု နောက်ပိုင်း တွင်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)သည် ပြည်သူလူထုတရပ်လုံး၏ ဘုံရန်သူဖြစ်သော စစ်ကောင်စီအား အမြစ်ဖြတ်ချေမှုန်းနိုင်ရန် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဟန်ချက်ညီစွာလက်တွဲလျက် ခုခံတွန်းလှန် လျက်ရှိသည်။ ၅။​ယနေ့အချိန်အခါတွင် တအောင်းအမျိုးသားများနှင့်တကွ ပြည်သူတရပ်လုံး၏ မျှော်မှန်း တောင့်တချက်ဖြစ်သော စစ်အာဏာရှင်စနစ်အား အပြီးတိုင် အမြစ်ဖြတ်ချေမှုန်းနိုင်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်သူများနှင့် အတူတကွ စုစည်းညီညွတ်စွာဖြင့် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက် အောင်မြင်ပြည့်ဝနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤသဝဏ်လွှာအား ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။..."

Source/publisher: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2023-01-12

Date of entry: 

2023-01-12

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

151.98 KB

Resource Type: 

text

Text quality: 

    • Good