National Unity Government Statement No.15/2022 - အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ်(၁၅/၂၀၂၂)

Description: 

"အကြမ်းဖက်စစ်ကောင်စီကို အပြီးသတ်ဖျက်သိမ်း၍ ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တလျှက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ပေါ်ထွန်းရေးအတွက် အားသွန်ကြိုးပမ်းလျက်ရှိသော အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် တိုင်းရင်းသားညီနောင်မဟာမိတ်တို့၏ နွေဦးတော်လှန်ရေး အရှိန်အဟုန်ရလာသည်နှင့်အမျှ အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ အစုအဖွဲ့များက တော်လှန်ရေးကို ပုံဖျက်သည့် သတင်းတု၊ သတင်းယောင်၊ သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ်ဖြန့်ချိလျက်ရှိကြောင်းတွေ့ရပါသည်။ ထိုသို့သော သတင်းတု၊ သတင်းယောင်၊ သတင်းမှားများထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမြင်သဘောထားမတူသူ လူပုဂ္ဂိုလ်အချို့အား အသက်အန္တရာယ်ရန်ရှာရန် စာရင်းပြုစုထားကြောင်းကို အစည်းအဝေးဆုံးဖြတ်ချက်နှင့်တကွ လုပ်ငန်းစဉ်များပါ ချမှတ်ထားသယောင် လုပ်ကြံဖန်တီး၍ ဖြန့်ချိနေသော သတင်းမှားတစ်ခုလည်း ပါဝင်နေသည်ကို တွေ့ရပါသည်။ ထိုကဲ့သို့သော သတင်းမှားမှာ ယခုအကြိမ်တွင် သာမက လွန်ခဲ့သော (၈)လ ခန့်ကလည်း ပုံစံတူ သတင်းမှားတစ်ခုကို လူပုဂ္ဂိုလ်အချို့က လုပ်ကြံဖန်တီးကာ နိုင်ငံတကာအဝန်းအဝိုင်းသို့ ပေးပို့ခဲ့ဖူးသည့် သာဓကတစ်ခုလည်း ရှိခဲ့ဖူးကြောင်း သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း အကြောက်တရားသွတ်သွင်း၍ လူ့အဖွဲ့အစည်း ကို မလုံခြုံမှုများဖြစ်စေသည့် အကြမ်းဖက်စစ်အာဏာရှင်ခေါင်းဆောင် များသည်သာလျင် ဒီမိုကရေစီ၊ လူ့အခွင့်အရေး နှင့် လူသားလုံခြုံရေးအတွက် ဘုံရန်သူဖြစ်သည်ဟု သတ်မှတ်ကာ အမြစ်ပြတ် တွန်းလှန်နိုင်ရေးကို နိုင်ငံရေးအမြင်မတူ ကွဲပြားမှုများအား လေးစားတန်ဖိုးထားလျက် ကြိုးစားဆောင်ရွက် နေခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ တော်လှန်ရေးပုံပျက်စေရန် လုပ်ကြံဖန်တီး ဖြန့်ချိနေသည့် သတင်းမှားတွင် ပါဝင်သည့် လုပ်ရပ်မျိုးမှာ အမျိုးသားညီညွတ်ရေး အစိုးရ စွဲကိုင်ဆောင်ရွက်လျက်ရှိသော မူဝါဒ၊ လုပ်ငန်းစဉ်၊ ရည်မှန်းချက်များနှင့် ကိုက်ညီမှုမရှိသော လုပ်ရပ်များဖြစ်သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မည်သည့်နည်းနှင့်မျှ လုပ်ကိုင်ဆောင်ရွက်သွားမည် မဟုတ်ပါ။ နိုင်ငံရေးအမြင်မတူ ကွဲပြားမှုများကို လက်မခံပဲ အဓမ္မနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သည့် လုပ်ရပ်များကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ အမျိုးသားညီညွတ်ရေးအစိုးရက ပြင်းထန်စွာရှုတ်ချပြီး ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်ရေးကို တွန်းအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2022-06-30

Date of entry: 

2022-06-30

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

387.29 KB

Resource Type: 

text

Text quality: 

    • Good