National Unity Government: President Office Announcement No.6/ 2022 - အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ကြေငြာချက် အမှတ် (၆/၂၀၂၂)

Sub-title: 

“အကြမ်းဖက်စစ်တပ် အသုံးပြုလျက်ရှိသော လေယာဉ်၊ ရေယာဉ်၊ ရဟတ်ယာဉ်၊ စက်ယာဉ်ယန္တယားတို့နှင့်စပ်လျဉ်း၍ ဆုငွေချီးမြှင့်ခြင်းဆိုင်ရာ ထုတ်ပြန်ကြေညာချက်”

Description: 

"၁) အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ခုခံတွန်းလှန်လျက်ရှိသည့် ပြည်သူလူထုအပေါ် အဆုံးစွန်၊ ရက်စက်သော နည်းလမ်းဖြင့် အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်ထိုးစစ်၊ ရေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ် လျက်ရှိပါသည်။ ၂) အပြစ်မဲ့ပြည်သူလူထုအား ဝေဟင်၊ ရေပြင်၊ မြေပြင်မှ တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်တပ် အသုံးပြုလျက်ရှိသည့် တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်၊ တင့်ကား၊ သံချပ်ကာယာဉ်စသည့် စက်ယာဉ်ယန္တရားများသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အား ကာကွယ်မှုပေးနိုင်ရန် ပြည်သူ့အခွန်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ပြည်သူပိုင်ပစ္စည်းများသာ ဖြစ်ပါသည်။ ၃) ယခုအခါ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မှုမပေးသည့်အပြင် အဆိုပါ စက်ယာဉ်ယန္တရားများ အသုံးပြု၍ အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအား ရက်ရက် စက်စက် တိုက်ခိုက်ဖျက်ဆီးလျက်ရှိသည်မှာ လုံးဝခွင့်လွှတ်နိုင်ဖွယ်မရှိသော လုပ်ရပ်ဖြစ်သည်။ ၄) သို့ပါ၍ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုများ၊ ရေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်ထိုးစစ်များမှ ကာကွယ်နိုင်ရန်အလို့ငှာ အောက်ပါ ဆုငွေချီးမြှင့် ခြင်းဆိုင်ရာအမိန့်အား ထုတ်ပြန်ကြေညာလိုက်သည်။ မည်သူမဆို- (က) ပြည်သူလူထုအား ပစ်ခတ်တိုက်ခိုက်မှု အလျဉ်းမပြုလုပ်ဘဲ၊ လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်နှင့်တကွ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၅ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၁၀,၀၀၀။ (ခ) တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များအား အကြမ်းဖက်စစ်တပ် အခြေစိုက်စခန်းတွင် ရပ်နားထားစဉ် အကြီးစားပျက်စီးမှု ဖြစ်သည့်အထိ ဖျက်ဆီးနိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်‌ဒေါ်လာ ၃ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀။ (ဂ) အကြမ်းဖက်တိုက်ခိုက်ရန် ပျံသန်း/ထွက်ခွါလာစဉ် လမ်းခုလတ်၌ တနည်းနည်းဖြင့် ပျက်စီးစေရန် စွမ်းဆောင်နိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃ သိန်း(သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀။ (ဃ) ပစ်မှတ်သို့ ရောက်ရှိအောင် ပျံသန်းလာပြီး ပြည်သူလူထုအား ဗုံးကြဲတိုက်ခိုက်မှုမပြုလုပ်ဘဲ ရည်ရွယ်ချက်ရှိရှိ ထိုးစိုက်ပျက်ကျအောင် စွမ်းဆောင်နိုင်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀။ (င) လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များအား အကြီးစား ပျက်စီးသည်အထိ ပစ်ခတ်ချေမှုန်းနိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀။ (စ) တိုက်လေယာဉ်ဆီ သိုလှောင်ကန်များအား ထိရောက်စွာ ဖောက်ထုတ်၊ ဖျက်ဆီးနိုင်လျှင် တစ်ကန်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၁ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀။ (ဆ) အကြမ်းဖက်စစ်တပ်၏ လက်နက်တိုက်၊ လက်နက်စက်ရုံများအား ဖောက်ခွဲဖျက်ဆီး နိုင်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၁ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀။ (ဇ) မြေပြင်ထိုးစစ်တွင် အသုံးပြုသော တင့်ကား၊ သံချပ်ကာယာဉ်များနှင့်အတူ ပြည်သူ့ရင်ခွင် သို့ ခိုလှုံလာလျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၁ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀။ (ဈ) တင့်ကား၊ သံချပ်ကာယာဉ်များအား လုံးဝပြန်လည်အသုံးပြု၍ မရသည်အထိ ပစ်ခတ် ချေမှုန်းနိုင်လျှင် တစ်စီးလျှင် ဆုငွေအမေရိကန် ဒေါ်လာ ၁ သိန်း (သို့) မြန်မာ ကျပ်ငွေ သိန်း ၂,၀၀၀။ (၅) ဆုချီးမြှင့်ငွေများအား အချက်အလက် ခိုင်လုံစွာ တင်ပြနိုင်သည့် အစုအဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ခံစားခွင့် ရှိသည်။ (၆) ဤအမိန့်အရ ချီးမြှင့်သည့် ဆုကြေးငွေများလက်ခံရယူခြင်းနှင့် ဆောင်ရွက်ချက်များအား The Public Property Protection Act-1947 အရ တရားစွဲဆို၊ အရေးယူ၊ အပြစ်ပေးခံရခြင်း မရှိစေရ။ (၇) ဤအမိန့်အား The Public Property Protection Act-1947, Section 3(b)ပါ ပြဌာန်းချက်နှင့်အညီ ထုတ်ပြန်လိုက်သည်။..."

Source/publisher: 

President Office, National Unity Government

Date of Publication: 

2022-04-07

Date of entry: 

2022-04-07

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

528.17 KB

Resource Type: 

text

Text quality: 

    • Good