Description:
"ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန
အမိန့်အမှတ်(၁၀/၂၀၂၁)
၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာလ (၇)ရက်
၁။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းကောင်း လူမှုဝန်ထမ်းများ၏ လူမှုဖူလုံရေး၊ ဘေးကင်းလုံခြုံရေးနှင့် ဖိအားကင်းစင်ရေးအတွက် အထူး(အထူး)အလေးထားဆောင်ရွက်လျက်ရှိပါသည်။
၂။ သို့ဖြစ်ပါ၍ တရားမဝင်အာဏာလုစစ်ကောင်စီ၏ ယန္တရားတွင် ဆက်လက်တာဝန်ထမ်းဆောင်ကာ နိုင်ငံတော်ပုန်ကန်မှုကို အားပေးထောက်ပံ့ပြီး (CDM) လူမှုဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ တရားစွဲဆိုခြင်းနှင့် ဖိနှိပ်မှုအမျိုးမျိုးကို ယနေ့အထိ ကျူးလွန်လျက်ရှိသည့် ပြည်သူ့ဝန်ထမ်းကျင့်ဝတ်နှင့် မလျော်ညီသော လူမှုဝန်ထမ်းဦးစီးဌာနမှ အောက်ဖော်ပြပါ အရာရှိများအား ယနေ့ (၇.၁၁.၂၀၂၁) ရက်နေ့မှစ၍ အမည်ပျက်စာရင်း (Black List) သွင်းလိုက်ပြီး ထာဝရ နိုင်ငံ့တာဝန် ထမ်းရွက်ခွင့် ပိတ်ပင်ကာ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss) ကြောင်း အမိန့်ချမှတ်လိုက်သည် -..."
Source/publisher:
Ministry of Women, Youths and Children Affairs
Date of Publication:
2021-11-07
Date of entry:
2021-11-07
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
346.23 KB
Resource Type:
text
Text quality:
- Good
