Description:
"၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနသည် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းသူရဲကောင်းများ၏ လူမှုဘဝဖူလုံရေး၊ ဘေးကင်းလုံခြုံရေးနှင့် ဖိအားကင်းစင်ရေးတို့ကို အထူးအလေးထား ဆောင်ရွက်လျှက်ရှိပါသည်။
၂။ သို့ဖြစ်ပါ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေပြီး (CDM) ဝန်ထမ်းများကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ပြည်သူ့အစိုးရမှ ပြန်လည်ပေးဆပ်ရန်မလိုဟု ထုတ်ပြန်ထားသည့် (၂) လစာချေးငွေများကို ပြန်လည်တောင်းခံခြင်းနှင့် အမျိုးမျိုးသောဖိနှိပ်မှုများကို ကျူးလွန်လျက်ရှိသည့်အပြင် ပြည်သူလူထုကို အကြမ်းဖက်နှိပ်စက်လျက်ရှိသော စစ်ကောင်စီယန္တားရား လည်ပတ်နိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှ အောက်ဖော်ပြပါ အရာထမ်း၊ အမှုထမ်း (၂၁၂) ဦးတို့ကို အမည်ပျက်စာရင်း(Blacklist) သွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismissal) လိုက်သည်။..."
Source/publisher:
Ministry of Planning, Finance and Investment - NUG
Date of Publication:
2022-03-23
Date of entry:
2022-03-23
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
1.69 MB
Resource Type:
text
Text quality:
- Good