National Unity Government: Ministry of Planning, Finance and Investment Announcement No.11/2021 - စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ကြေညာချက် (၁၁/၂၀၂၁)

Sub-title: 

တရားမဝင် အကြမ်းဖက်စစ်ကောင်စီက ရောင်းချရန် စီစဉ်နေသည့် ပြည်ပနိုင်ငံများရှိ မြန်မာနိုင်ငံပိုင် သံရုံးမြေနှင့် အဆောက်အဦများအား ဝယ်ယူခြင်းသည် တရားဝင်မှုမရှိသောကြောင့် ဝယ်ယူခြင်း အလျဉ်းမပြုကြရန် အထူးသတိပေး တားမြစ်ခြင်း။

Description: 

"ကြေညာချက် (၁၁/၂၀၂၁) စက်တင်ဘာလ ၁၄ ရက် ၂၀၂၁ ခုနှစ်။ ============== တရားမဝင် အကြမ်းဖက်စစ်ကောင်စီက ရောင်းချရန် စီစဉ်နေသည့် ပြည်ပနိုင်ငံများရှိ မြန်မာနိုင်ငံပိုင် သံရုံးမြေနှင့် အဆောက်အဦများအား ဝယ်ယူခြင်းသည် တရားဝင်မှုမရှိသောကြောင့် ဝယ်ယူခြင်း အလျဉ်းမပြုကြရန် အထူးသတိပေး တားမြစ်ခြင်း။ ----------------------- ၁။ မိမိကိုယ်မိမိ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီဟုလည်းကောင်း၊ အိမ်စောင့်အစိုးရဟုလည်းကောင်း အမည်တပ်ထားသော အကြမ်းဖက်စစ်ကောင်စီသည် မြန်မာ ပြည်သူလူထုထံမှ အာဏာကို လက်နက်အားကိုး မတရားနည်းသက်သက်ဖြင့် ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး အတင်းအဓမ္မ သိမ်းယူထားသော တရားမဝင်အဖွဲ့အစည်းသာဖြစ်သည်။ ထိုသို့ဖြစ်သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနှင့် မည်သည့်ကမ္ဘာ့နိုင်ငံကမျှ ထိုစစ်ကောင်စီသည် မြန်မာ ပြည်သူကို ကိုယ်စားပြုသည့် တရားဝင် အစိုးရတစ်ရပ်ဖြစ်သည်ဟု အသိအမှတ်ပြုထားခြင်းမရှိပေ။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရသည် ၁၉၀၈ မတရားသင်းများအက်ဥပဒေပုဒ်မ ၁၆ အရ တရားမဝင်အာဏာသိမ်း စစ်ကောင်စီအား မတရားသင်းတစ်ခုအဖြစ် အတိအလင်းကြေငြာ ပြီးဖြစ်သည့်အပြင် ယင်းအက်ဥပဒေ ပုဒ်မ ၁၈ အရလည်း ထိုစစ်ကောင်စီနှင့် ယင်းကိုဆက်ခံသည့် မည်သည့်အဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) ယင်း၏လက်အောက်ခံ အဖွဲ့အစည်းတစ်ခုခုတို့သည် ၎င်းတို့၏အမည်၊ ပါဝင်သူနှင့် ဖွဲ့စည်းပုံတို့ကို မည်သို့ပင်ပြောင်းစေကာမူ မတရားသင်းအဖြစ်တည်မြဲဖြစ်သည်ဟုလည်း ထင်ရှားစေပြီးဖြစ်သည်။ ၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံက ပိုင်ဆိုင်သည်ဟု အမည်ပေါက်သော ပြည်တွင်း၊ ပြည်ပရှိ နိုင်ငံပိုင်မြေ၊ အဆောက်အဦ၊ ပိုင်ဆိုင်မှုအရပ်ရပ်တို့၏ မူရင်းပိုင်ရှင်သည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားပြည်သူများသာဖြစ်သည့်အတွက် ပြည်သူလူထုအားကိုယ်စားပြုမှု အလျဉ်းမရှိသော အကြမ်းဖက်စစ် ကောင်စီနှင့် ယင်း၏လက်အောက်ခံအဖွဲ့အစည်းများအနေဖြင့် အဆိုပါ မြေ၊ ဆောက်အဦနှင့် အခြားပိုင်ဆိုင်မှုများအား ထိန်းချုပ်ပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်၊ ရောင်းချပိုင်ခွင့် အလျင်းမရှိပါ။ ၄။ အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်ပနိုင်ငံများရှိ မြန်မာနိုင်ငံပိုင် သံရုံးမြေနှင့် အဆောက်အဦများအား အကြမ်းဖက်စစ်ကောင်စီက တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ၊ ရောင်းချရန် ကြိုးပမ်းမှုမှန်သမျှသည် တရားဝင်မှု လုံးဝမရှိကြောင်းကြေငြာလိုက်သည်။ ထိုသို့ရောင်းဝယ်မှုများကို လုံးဝမလုပ်ရန်လည်း အထူးသတိပေးတားမြစ်လိုက်သည်။ ၅။ ဤသို့သတိပေးတားမြစ်ထားသည့်ကြားမှ အရောင်းအဝယ်ပြုခဲ့သည်ရှိသော် စစ်ကောင်စီဘက်မှ တာဝန်ခံရောင်းသူကိုသော်လည်းကောင်း၊ လက်ခံဝယ်ယူသူကိုလည်းကောင်း၊ နှစ်ဦးနှစ်ဘက်လုံးကိုလည်းကောင်း သင့်တင့်လျောက်ပတ်သည့် အချိန်တွင် သင့်လျော်သော စီရင်ပိုင်ခွင့်ရှိသည့်တရားရုံးတော်၌ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ခွင့် အကြွင်းမဲ့ရှိသည်ဟု မှတ်ယူရမည်။ ၆။ ဤကိစ္စနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံဆိုင်ရာ အစိုးရ၊ အဖွဲ့အစည်းများနှင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ပါရန် ညှိနှိုင်းအကြောင်းကြားအပ်ပါသည်။..."

Source/publisher: 

Ministry of Planning, Finance and Investment - NUG

Date of Publication: 

2021-09-14

Date of entry: 

2021-09-14

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

218.58 KB

Resource Type: 

text

Text quality: 

    • Good

Remote URL: