Description:
"ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနှင့် ပြည်ပအလုပ်အကိုင်အသိအမှတ်ပြုကတ် (OERC) ထုတ်ပေးခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ (တရားဝင် နေထိုင်လုပ်ကိုင်နေသည့် အလုပ်သမားများ၊ သက်တမ်းကျော်လွန် နေထိုင်လုပ်ကိုင်နေသူများ၊ အလုပ်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ၊ ခိုလှုံခွင့်ဗီဇာ တစ်မျိုးမျိုးဖြင့် နေထိုင်လုပ်ကိုင်နေသူ များ) ၏ အလုပ်အကိုင်ဆိုင်ရာ သတင်းအချက်အလက်များကို စစ်တမ်းကောက်ယူခြင်းနှင့် ပြည်ပ အလုပ်အကိုင်အသိအမှတ်ပြုကတ် (Overseas Employment Registration Card-OERC) ထုတ်ပေးခြင်းကို အောက်ပါရည်ရွယ်ချက်များဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်-
(က) ပြည်ပနိုင်ငံများတွင် အမှန်တကယ်ရောက်ရှိလုပ်ကိုင်နေသူ ဦးရေ (ခန့်မှန်း) သိရှိနိုင်ရန် နှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်အကိုင်ဆိုင်ရာ အခြေခံအချက်အလက်များ မှတစ်ဆင့် ပိုမိုကောင်းမွန်သည့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ မူဝါဒများ ချမှတ်ရာတွင် အထောက်အကူဖြစ်စေရန်၊
( ခ) ပြည်ပနိုင်ငံများတွင် ရောက်ရှိလုပ်ကိုင်နေသူများ ကြုံတွေ့နေရသည့် အခက်အခဲများကို လျင်မြန်ထိရောက်စွာ ချိတ်ဆက်ကူညီဆောင်ရွက်ပေးနိုင်ရန်၊
( ဂ) နွေဦးတော်လှန်ရေးကြားကာလအတွင်း NUG ပြည်သူ့အစိုးရအား ထောက်ခံသည့် အင်အားတစ်ရပ်အနေဖြင့် ပါဝင်နိုင်ရန်နှင့် နွေဦးတော်လှန်ရေး ဘဏ္ဍာရန်ပုံငွေ ရရှိရန်၊
(ဃ) ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ပြည်ပတွင် အလုပ်လုပ်ကိုင်ခွင့် အတွက် အသိအမှတ်ပြု သက်သေခံကတ်အဖြစ် ထုတ်ပေးထားသည့် Overseas Worker Identification Card-OWIC အစား Overseas Employment Registration Card-OERC အဖြစ် ပြောင်းလဲထုတ်ပေးရန်၊
( င) သက်ဆိုင်ရာ ပြည်ပနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identification- C of I) ထုတ်ပေးရာတွင် အထောက်အထားတစ်ရပ်အနေဖြင့် အသုံးပြုနိုင်ရန်။
၂။ OERC ကတ်အတွက် လျှောက်လွှာတင်သွင်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းကို online Application Form အသုံးပြုသွားမည်ဖြစ်ပြီး Application Form တွင် ဖြည့်သွင်းထားသည့် အချက်အလက်များကို စိစစ်အတည်၍ OERC (Smart Card) ပြန်လည်ထုတ်ပေးသွားမည် ဖြစ်သည်။
၃။ Application Form ဖြည့်သွင်းရာတွင် အခက်အခဲရှိပါက လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန်၊ OERC (Smart Card) ဖြန့်ဝေပေးရန်နှင့် မလိုလားအပ်သည့် လိမ်လည်မှု၊ မသမာမှုများမှ ကာကွယ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီများ (MMWCs)၊ ကိုယ်စားလှယ်အဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ တာဝန်ယူကူညီဆောင်ရွက်ပေးမည့် အဖွဲ့အစည်း၊ ကိုယ်စားလှယ်ပုဂ္ဂိုလ် အမည်များနှင့် အသေးစိတ်အစီအစဉ်ကို နိုင်ငံအလိုက် သီးခြားစီ ထပ်မံထုတ်ပြန်ပေးမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။..."
Source/publisher:
Ministry of Labour - National Unity Government of Myanmar
Date of Publication:
2022-05-27
Date of entry:
2022-05-27
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
299.01 KB
Resource Type:
text
Text quality:
- Good
