National Unity Government: Ministry of Electricity and Energy: Instructions - အမျိုးသား ညီညွတ်ရေး အစိုးရ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ညွှန်ကြားချက်

Description: 

"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အမျိုးသား ညီညွတ်ရေး အစိုးရ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ညွှန်ကြားချက် ၁။ ယခုကာလသည် ပြည်သူက ရွေးကောက်တင်မြှောက်ထားသော တရားဝင်အစိုးရထံမှ တရားမဝင် စစ်ကောင်စီ က အာဏာသိမ်း ၍ အုပ်ချုပ်ရန် ကြံရွယ်နေသောကာလ ဖြစ်သည်။ ၂။ PSC contract များ ချုပ်ဆိုခဲ့သည့် ယခင် နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ၊ ပထမအကြိမ် ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရ၊ ဒုတိယအကြိမ်ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရတို့ သည် အဆိုပါ စာချုပ်များကို ခေတ်အဆက်ဆက် တာဝန်ယူ တာဝန်ခံကာ လွှဲပြောင်း ခဲ့ကြခြင်း ဖြစ်သည်။ ၃။ လက်ရှိ အကြမ်းဖက်စစ်ကောင်စီသည် ဥပဒေ နှင့်အညီတာဝန်လွှဲပြောင်းယူမှု မရှိသည့် အတွက် အထက်ပါ စာချုပ်များ နှင့် စပ်လျဉ်း၍ တာဝန်ခံနိုင်မှု အလျဉ်းမရှိပါ။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်း တာဝန်ယူမှုကို ခံစားရမည် မဟုတ်သကဲ့သို့ တာဝန်ခံရန်လည်း မသင့်လျော်ပါ။ ၄။ သို့ဖြစ်ပါ၍ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အား စတင် ရက်စွဲအဖြစ် သတ်မှတ်လျက် အောက်ပါအတိုင်း ဆောင်ရွက်ရန် ညွှန်ကြားလိုက်သည်။ (၁) တရားဝင် အစိုးရများနှင့် ချုပ်ဆိုထားသည့် တည်ဆဲ PSC စာချုပ်များ အတိုင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ သူများအား လုပ်ငန်း အကောင်အထည်ဖော်မှု ဆက်လက် ဆောင်ရွက်နိုင်ရေး အကူအညီပေးသွားရန်။ (၂) PSCစာချုပ်များအရ ရရှိအပ်သည့် အကျိုးအမြတ်ခွဲဝေမှုရငွေ နှင့် အခွန်အကောက်ရငွေတို့အား လက်ခံ ရယူခြင်း၊ ရရှိအောင် ကြိုးပမ်းဆောင်ရွက်နေခြင်းများ မပြုပဲ နောက်ထပ်ညွှန်ကြားချက် တစုံတရာ မရရှိမီအထိ လုံးဝ ရပ်ဆိုင်းထားရန်။ (၃) ကိုလိုနီခေတ် Burma Oil Company ကာလ မှ ယနေ့ ထိ တည်ဆောက် ထားခဲ့သော မြန်မာ့ ရေနံ ယန္တရားအား ပျက်စီးစေနိုင်သည့် ဝန်ထမ်းများအား ဖိနှိပ်ချုပ်ချယ်မှု၊ မသင့်လျော်သော အမိန့် ညွှန်ကြားချက်များ ထုတ်ပေးမှု၊ တည်ဆဲ အလုပ်သမားဥပဒေများ နှင့် မကိုက်ညီသော ဆောင်ရွက်ချက်များ တို့ကို လုံးဝမပြုလုပ်ရန်။ ၅။ အထက်ပါ ညွှန်ကြားချက်များအား မလိုက်နာပါက နိုင်ငံ့ဝန်ထမ်းဥပဒေအရလည်းကောင်း၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၂/၁၂၄ ပါအတိုင်း နိုင်ငံတော်၏ ကျေးဇူးသစ္စာ ဖောက်ဖျက်ပုန်ကန်မှုအဖြစ်လည်းကောင်း၊ အများပြည်သူ အကျိုးစီးပွားစောင့်ရှောက်ရေးဥပဒေအရလည်းကောင်း အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သတိ‌ပေးလိုက်သည်။ (စိုးသူရထွန်း) ပြည်ထောင်စုဝန်ကြီး ဦးဆောင်ညွှန်ကြားရေးမှူး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ကြီးကြပ် ကြပ်မတ်ပေးရန် ဖြစ်ပါသည်။ ၁။ ဗဟိုသတင်းအချက်အလက်အဖွဲ့၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရုံး။ ၂။ သတင်းအချက်အလက်အရာရှိ၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန။ စာအမှတ် - စွမ်းအင်/MOGE (1)/ညွှန် (၂) ရက်စွဲ - ၂၀၂၁ ခု ဇွန်လ ၁၀ ရက်..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2021-06-10

Date of entry: 

2021-06-10

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

386.89 KB

Resource Type: 

text

Text quality: 

    • Good