Description:
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကြေညာချက်အမှတ် (၃/၂၀၂၁)
၇ ဇွန် ၂၀၂၁ခုနစ်
“အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်အဖွဲ့အစည်းများကြေညာခြင်း”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသော အကြမ်းဖက်တိုက်ခိုက်မှုများကို ကာကွယ်တားဆီးရန်နှင့် တိုက်ဖျက်ရန် နိုင်ငံတကာ အသိုက်အဝန်းနှင့် လက်တွဲလုပ်ဆောင်မည်ဖြစ်ကြောင်း ကတိကဝတ်ထားရှိပါသည်။ အမျိုးသားညီညွတ်ရေး အစိုးရသည် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် 1373 နှင့်တကွ ဆုံးဖြတ်ချက်ကိုအကောင်အထည် ဖော်ဆောင်ရေးအတွက် သဘောတူညီထားသော ဥပဒေထုတ်ပြန်ချက် ၁၉ ခု၊ ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး မဟာဗျူဟာ (A/RES/60/288) နှင့် ထိုမဟာဗျူဟာကြေညာ စာတမ်းက အပ်နှင်းထားသော လုပ်ပိုင်ခွင့်အရ မကြာခင်က ဖွဲ့စည်းထားသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန တို့နှင့်လည်း လိုက်နာဆောင်ရွက်ရန် ကတိကဝတ်ထားရှိပါသည်။
ဤကတိကဝတ်နှင့်အညီ NUG သည် စစ်ကောင်စီ၏တပ်မတော်နှင့် ၎င်းနှင့်ဆက်စပ်လျက် ရှိသော အဖွဲ့အစည်းများအား မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၃) အရ အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ကြေညာလိုက်သည်။ မြန်မာနိုင်ငံဥပဒေတွင် အကြမ်းဖက်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် “အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက် အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်သည့် ပြစ်မှုများ” ကို ကျူးလွန်လျှင် ဥပဒေအရ အကြမ်းဖက်မှုမြောက်သည်။ အကြမ်းဖက်မှုတွင် ယေဘုယျအားဖြင့် အဓိက အစိတ်အပိုင်း (၅) ခုပါဝင်သည်။ ၎င်းတို့မှာ အကြမ်းဖက်သည့် အပြုအမူကိုပြုလုပ်ခြင်း၊ အကြမ်းဖက်မှုကို အာရုံစိုက်လာအောင် ပစ်မှတ်ထားခံရသူများရှိခြင်း၊ ကြောက်ရွံ့ ထိတ်လန့်စိတ် ဝင်အောင် ဖန်တီးခြင်း၊ အပြစ်မဲ့အကြမ်းဖက်ခံရသူများရှိခြင်း၊ နိုင်ငံရေးရည်ရွယ်ချက်များ နှင့် စေ့ဆော်မှု များရှိခြင်းတို့ ဖြစ်ကြသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏တပ်မတော်နှင့် ၎င်း၏အပေါင်းပါ အဖွဲ့အစည်းများသည် အပြစ်မဲ့ပြည်သူများအပေါ် အောက်ပါတို့ကိုကျူးလွန်ပြီး ကြောက်ရွံ့ထိတ်လန့်စိတ်များဖြစ်ပေါ် စေကာ “တပ်မတော်ကအကြမ်းဖက်ပြပြီး ဒေသတွင်းကိုထိန်းချုပ်မည်” ဆိုသည့်နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ ထိုကျူးလွန်မှုများမှာ -
• အရပ်သား ၈၀၀ ကျော်ကို သေစေနိုင်သောလက်နက်များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း
• လူပေါင်း ၅၀၀၀ ကျော်အား မတရားဖမ်းဆီးချုပ်နှောင်ထားပြီး၊ အများစုမှာ အနှိပ်စက် ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခြင်း
• ဘဏ်စနစ်ပြိုလဲလုနီးပါးအခြေအနေဖြင့် တိုင်းပြည်စီးပွားရေးကိုချွတ်ခြုံကျစေပြီး အများပြည်သူ၏ ပိုင်ဆိုင်မှု စည်းစိမ်ဥစ္စာတို့အားပျက်စီးစေခြင်း
• စားနပ်ရိက္ခာအကျပ်အတည်းကို လျစ်လျူရှုထားပြီး မကြာခင်ကာလများအတွင်း စားနပ်ရိက္ခာ အကျပ်အတည်း၏ ရိုက်ခတ်မှုကိုကြုံတွေ့ရမည့် လူပေါင်း (၁) သန်းမှ (၃) သန်းအထိ မြင့်မားသွားနိုင်ခြေရှိခြင်း
• မြန်မာနိုင်ငံ၏ COVID CERP အစီအစဉ်ကို ပစ်ပယ်လိုက်ခြင်းဖြင့် တိုင်းပြည်၏ ကျန်းမာရေးကဏ္ဍကျဆုံးသွားခြင်း။
• ငွေကြေးခဝါချမှု လုပ်ငန်းကြီးများပြုလုပ်ခြင်း
တဆက်တည်းမှာပင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဥပဒေမဲ့အုပ်ချုပ်ရေးအဖွဲ့က NUG အား အကြမ်းဖက်အဖွဲ့အစည်းဟု မဟုတ်မမှန်စွပ်စွဲထားချက်ကို NUG က ခိုင်မာစွာငြင်းဆိုပါသည်။ ထိုစွပ်စွဲချက်သည် ဥပဒေနှင့် မညီညွတ်နှင့်အပြင် အခြေအမြစ်မရှိ၊ ကျိုးကြောင်းဆီလျော်မှု မရှိသည့် စွပ်စွဲချက်သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ NUG ကို တရားမျှတပြီး လွတ်လပ်သော တရားရုံးတွင် အကြမ်းဖက်ပုဒ်မနှင့် တရားစွဲဆိုနိုင်သည့် ပုဒ်မမျိုးမရှိပေ။ မြင်ယုံမျှဖြင့် ဥပဒေကြောင်းအရလုံလောက်စွာ (prima facie) စွဲတင်နိုင်သည့် အချက်လည်း မရှိပေ။ လက်ရှိအခြေအနေတွင်လည်း မြန်မာနိုင်ငံ၏တရားရုံးများသည် စစ်တပ်မှအကြမ်းဖက်သမားများ၏ တသွေးတသံတမိန့်အောက်တွင် တရားစီရင်ရ သောကြောင့် တရားဥပဒေစိုးမိုးရေးကို ဓမ္မဓိဌာန်ကျကျ ဖော်ဆောင်နိုင်မည်မဟုတ်ပေ။
NUG ၏ ငြိမ်းချမ်းစွာဆန္ဒပြခြင်း၊ နိုင်ငံတကာအသိုက်အဝန်းနှင့်ဆက်ဆံခြင်းနှင့် အာဏာရှင် ဖီဆန်ရေးလုပ်ငန်းများသည် အကြမ်းဖက်စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစပြုလိုက်သော ဥပဒေမဲ့အာဏာသိမ်းမှုကို တုန့်ပြန်ခြင်းဖြစ်ပြီး၊ အာဏာသိမ်းမှု အကျိုးဆက်အားဖြင့် ဖြစ်ပေါ်နေသော အရပ်သားများကိုဖမ်းဆီးသတ်ဖြတ်ခြင်းများနှင့် မတည်ငြိမ်မှုများကို ရပ်တန့်ရန်ရည်ရွယ်သည်။ ထို့ကြောင့် NUG ၏ လုပ်ရပ်များသည် အထက်ဖော်ပြပါ အကြမ်းဖက်မှုတွင်ပါဝင်သော အဓိကအစိတ်အပိုင်း ၅ခု နှင့် မည်သို့မျှ ဆက်စပ်ခြင်းမရှိပေ။ အလားတူပင် NUG ၏ လုပ်ရပ်များသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး အတွက် နိုင်ငံတကာကသဘောတူထုတ်ပြန်ထားသော ဥပဒေ၁၉ခုပါ အကြမ်းဖက်ပုဒ်မများ နှင့်လည်း အကျုံးမဝင်ပေ။
NUG သည် စစ်ကောင်စီ၏တပ်မတော်နှင့် ၎င်းနှင့်ဆက်စပ်သည့်အဖွဲ့အစည်းများက ကျူးလွန် လျှက်ရှိသော အကြမ်းဖက်မှုများအား ကာကွယ်တားဆီးရေးနှင့် တိုက်ဖျက်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် တည်ကြည်စွာဖြင့် ကတိကဝတ် ထားရှိပါသည်။..."
Source/publisher:
National Unity Government of Myanmar
Date of Publication:
2021-06-07
Date of entry:
2021-06-07
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
867.59 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (English + Burmese versions)
