National Unity Government: Announcement No.12/2021 - အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ် (၁၂/၂၀၂၁)

Description: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ https://nugmyanmar.org ကြေညာချက်အမှတ် (၁၂/၂၀၂၁) ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူများကို ကားဖြင့်တိုက်၍ အကြမ်းဖက် ဖမ်းဆီး၊ သတ်ဖြတ်မှုများနှင့် ပတ်သက်၍ ထုတ်ပြန်ခြင်း ၁။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မနက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ လျှပ်တပြတ်သပိတ်အဖြစ် ဆန္ဒပြနေသည့် လူငယ်များကို အကြမ်းဖက် စစ်အုပ်စုက စစ်ကားဖြင့် အနောက်မှ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် အကြမ်းဖက်ခဲ့ပါသည်။ ထိုသို့ဖြိုခွင်းမှုကြောင့် ဆန္ဒပြလူငယ်အချို့ကျဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသည့် ပြည်သူ ၁၁ ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပါသည်။ ထိုသို့ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် ပြည်သူများမှာ အမှန်တရား၊ တရားမျှတမှုနှင့် တန်းတူညီမှျမှုတို့အတွက် ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်နေကြသည့် မိမိတို့ ပြည်သူလူထု၏ ရင်သွေးများလည်းဖြစ်ပါသည်။ ၂။ ယခုကဲ့သို့ အကျည်းတန်သော စက်ဆုပ်ဖွယ်ဖြစ်ရပ်များသည် ဖက်ဆစ်စစ်တပ်၏ လက်နက်ကိုင် အနိုင်ကျင့်လိုသည့် ဖုံးဖိမရသော အမူအကျင့်၊ အပြစ်မဲ့ ပြည်သူမှန်သမျှကို ကြိုက်သလို သတ်ဖြတ်နိုင်သည်ဟုခံယူထားသည့် စစ်တပ်၏ အင်မတန်နိမ့်ကျ၊ လူ့ကျင့်ဝတ်မဲ့မှု၏ ပြယုဂ်တစ်ခုဖြစ်ပါသည်။ အကြမ်းဖက်စစ်အုပ်စုသည် ထိုသို့သော သတ္တိကြောင်ပြီး ယုတ်မာရိုင်းစိုင်းသည့် ပြစ်မှုမျိုးကို ကျူးလွန်ခဲ့သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပါ။ အောက်ဖော်ပြပါ အဖြစ်အပျက်များသည် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မှတ်တမ်းတင်ထားသည့် အလားတူဖြစ်စဉ်များဖြစ်ပါသည်။ • ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မြိတ်မြို့တွင် ဆန္ဒပြသူတစ်ဦး အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့က ကားဖြင့် ဝင်တိုက်ပြီး ဖမ်းဆီးခဲ့သည်။ • မေလ ၂ ရက်နေ့ ရွေဘိုမြို့တွင် ရွှေဘိုပင်မသပိတ်စစ်ကြောင်း လူစုနေစဉ် အကြမ်းဖက်စစ်အုပ်စုမှာ လူအုပ်ထဲသို့ ကားဖြင့် ဝင်တိုက်ခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖမ်းဆီးသွားခဲ့သည်။ • မေလ ၆ ရက်နေ့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဆိုင်ကယ်တစ်စီးကို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့မှ ကားဖြင့်တိုက်ကာ ဖမ်းဆီးခဲ့သဖြင့် ဆိုင်ကယ်စီးလာသူ ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။ • မေလ ၂၁ ရက်နေ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ထင်ရှားသည့်ကချင်တက်ကြွလှုပ်ရှားသူ ၂ ဦးဖြစ်သော ဒေါ်ဆိုင်းနူးပန်နှင့် ဦးလွမ်းဇောင်း အပါအဝင် လူငယ် ၃ ဦးကို အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့က သေနတ်ဖြင့်ပစ်၊ ကားဖြင့်တိုက်၍ ဖမ်းဆီးသွားခဲ့သည်။ • မေလ ၂၈ ရက်နေ့ မန္တလေးမြို့တွင် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကို ကားဖြင့်တိုက်ကာ ဖမ်းဆီးခဲ့သဖြင့် သံဃာနှစ်ပါး ဖမ်းဆီးခံခဲ့ရသည်။ • ဧပြီလ ၁၅ ရက်နေ့ မုံရွာမြို့တွင် သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဦးဆောင်၍ အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ်နေစဉ် အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့က အရပ်သား အိမ်စီးကားဖြင့် တဖက်ယာဉ်ကြောမှ မောင်းနှင်လာကာ ကားနှင့်တိုက်၍ ဖမ်းဆီးခဲ့သည်။ ကိုဝေမိုးနိုင် ဆိုင်ကယ်လဲကျသွားသောအခါ ၎င်းတပ်ဖွဲ့ဝင်များ ကားပေါ်မှ ဆင်း၍ ဝိုင်းဝန်းရိုက်နှက်ကာ ဖမ်းဆီးခဲ့သည်။ • ဇွန်လ ၆ ရက်နေ့ မန္တလေးမြို့တွင် လူငယ်သုံးဦးစီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား အကြမ်းဖက် စစ်အုပ်စုမှ ကားဖြင့်ဝင်တိုက်ခဲ့သဖြင့် လူငယ်နှစ်ဦး သေဆုံးခဲ့သည်။ • ဇွန်လ ၁၆ ရက်နေ့ မန္တလေးမြို့တွင် မန္တလေး မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်း လူစုနေကြစဉ် ဆန္ဒပြသူများ၏ ဆိုင်ကယ်များကို ကားဖြင့် ဝင်တိုက်ခဲ့သဖြင့် ဆန္ဒပြသူအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ • အောက်တိုဘာ ၂ ရက်နေ့ မန္တလေးမြို့တွင် မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်းကို ကားဖြင့် ဝင်တိုက်ပြီး ဖမ်းဆီးခဲ့သဖြင့် သံဃာ ငါးပါးနှင့် ဆန္ဒပြ ပြည်သူ သုံးဦး အဖမ်းဆီးခံခဲ့ရသည်။ ထိုတစ်နေ့တည်းမှာပင် LGBT အရေးတက်ကြွလှုပ်ရှား သူတစ်ဦးဖြစ်သော စူးရှရှင်းသန့်ကို ဆိုင်ကယ်မောင်းနေစဉ် အကြမ်းဖက်စစ်အုပ်စုက ကားဖြင့်တိုက်ကာ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးသို့ ခေါ်ဆောင်သွားခဲ့သည်။ • အောက်တိုဘာလ ၁၈ ရက်နေ့ မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် လူငယ် ၆၀ ခန့်စုဝေး၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်နေစဉ် အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့မှ ကားဖြင့် ဝင်တိုက်၍ ဖြိုခွဲခဲ့ပြီး ဆန္ဒပြသူ ၁၀ ဦးကို ဖမ်းဆီးခဲ့သည်။ ၃။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ကားဖြင့် တိုက်၍ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းသည် ငြိမ်းချမ်းစွာ စုဝေး စီတန်းလှည့်လည်ခွင့်ဆိုသည့် လူ့အခွင့်အရေးကို ချိုးဖောက်ရုံသာမက အကြမ်းဖက်လုပ်ရပ်ဖြစ်သောကြောင့် ထိုလုပ်ရပ်များအပေါ် ပြင်းထန်စွာရူတ်ချသည်။ ၄။ ပြည်သူလူထု၏တရားဝင်အာဏာအပ်နှင်းခြင်းခံထားရသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့က စစ်ကောင်စီသည် အကြမ်းဖက်အဖွဲ့ အစည်းဖြစ်ကြောင်း ကြေညာထားပြီး ဖြစ်သည်။ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံတကာရာဇဝတ်မှုကျုးလွန်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာခုံရုံး များတွင် အပြစ်ပေးစီရင်နိုင်ရန်ကြိုးပမ်းနေမှုအား ယဉ်ကေျးသည့်၊ လူ့အဖွဲ့အစည်းစံချိန်စံနှုန်းများကို လေးစားလိုက်နာ သည့် နိုင်ငံတကာအသိုက်အဝန်းတစ်ခုလုံးက ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ပေးကြရန် လိုအပ်သည်။ ထို့ပြင် အကြမ်းဖက် လုပ်ရပ်များကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းများ ဆန့်ကျင်ရေးဆောင်ရွက်ချက် များနှင့်အညီ ကိုင်တွယ်အရေးယူကြရန် တောင်းဆိုသည်။ ၅။ အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ပြည်သူများက အသိတရားရှိရှိဖြင့် ကာကွယ်ပိုင်ခွင့်ရှိသည်။ ၆။ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုစီအတွက် ကျူးလွန်သူတစ်ဦးချင်းစီတိုင်းကို အပြစ်ပေးအရေးယူနိုင်ရေးအတွက် အချက်အလက်အထောက်အထားများ ရှာဖေွခြင်း၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး၊ တရားရုံးမျာမှတစ်ဆင့် အရေးယူနိုင်ရန် ကြိုးစားခြင်းဖြင့် တရားမျှတမှုကို ပြည်သူနှင့်လက်တွဲ၍ ‌ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သန္နိဌာန်ပြုသည်။ ၇။ အဖိုးတန်လှတဲ့ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အသက်ပေါင်းများစွာကို ယခုလိုရက်စက်စွာ သတ်ဖြတ်ခံနေရခြင်း၊ ပညာသင်ပြီး ကိုယ့်ဘဝတိုးတက်ရေး၊ တိုင်းပြည်တိုးတက်ရေး ကြိုးစားရမည့် လူငယ်များ လမ်းပေါ်တွင် ဆန္ဒပြရင်း သေကျေကြရခြင်း၊ မိဝေးဖဝေး လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲဝင်ရင်း ပင်ပန်းဆင်းရဲ ခံကြရခြင်း ၊ မတရားဖမ်းဆီး ခံရကာ စစ်ကြောရေးတွင် ညှင်းပမ်းနှိပ်စက်ခံရပြီး အသက်ဆုံးရှုံးခံရခြင်းများအားလုံး အမြန်ဆုံးအဆုံးသတ်နိုင်ရန် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ရှိပါသည်။ ၈။ ထို့ကြောင့် တရားမျှတမှုအတွက်၊ လွတ်လပ်မှုအတွက်၊ တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီမျှမှုအတွက် တောင်းဆိုနေသည့် ပြည့်ရင်သွေးများကို ယခုကဲ့သို့ လူမဆန်စွာ ရက်စက်သတ်ဖြတ်သည့် အကြမ်းဖက်စစ်အာဏာရှင် များအား အပြီးတိုင်အမြစ်ဖြတ် အဆုံးသတ်နိုင်စေရေး ကျွန်ုပ်တို့၏ နိုင်ငံအဝန်းတွင်ရှိသည့် ပြည့်ရင်သွေးလူငယ်များနှင့် ပြည်သူတရပ်လုံး၏ ပေးဆပ်ခဲ့ရမှုများ ၊ ဆက်လက်ပေးဆပ်နေရမှုများ အလဟဿ မဖြစ်စေရန်အတွက် သမိုင်းကပေးသောတာဝန်ကို ဦးထိပ်ရွက်ဆင်၍ အဆုံးသတ်ထိ တိုက်ပွဲဝင်သွားမည်ဟု ထပ်လောင်းကတိသစ္စာပြု အပ်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2021-12-05

Date of entry: 

2021-12-05

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

796.28 KB

Resource Type: 

text

Text quality: 

    • Good