Ministry of Home Affairs and Immigration: Announcement No.2/2021 - ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ကြေညာချက်အမှတ် (၂/၂၀၂၁)

Description: 

"အကျဉ်းထောင်များတွင် အကျဉ်းသားများ၏ အသက်ရှင်သန်ခွင့်အတွက် လူ့အခွင့်အရေးနှင့်အညီ ဆေးကုသခွင့်ရရှိရေး၊ အကြမ်းဖက်ဖိနှိပ်မှုများ ချက်ချင်းရပ်တန့်ရေး နှင့် ဖိနှိပ်မှုများအပေါ် သက်ဆိုင်သူများ တာဝန်ယူရမည်ဖြစ်ကြောင်း ကြေညာခြင်း ကြေညာချက်အမှတ် (၂/၂၀၂၁) ရက်စွဲ ၊ ၂၄ ရက် ဇူလိုင်လ ၂၀၂၁ ခုနှစ် ၁။ မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်နေချိန်တွင် အကြမ်းဖက် စစ်ကောင်စီသည် တရားမဝင်ရယူထားသည့် ၎င်းတို့၏ အာဏာတည်မြဲရေးကိုသာ အဓိက အလေးထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသောကြောင့် ပြည်သူများအပေါ် ထိရောက်သည့် ကျန်းမာ ရေး စောင့်ရှောက် မှုများ မဆောင်ရွက်ပေးနိုင်သည့်အပြင် ပြည်သူအချင်းချင်း ကူညီစောင့်ရှောက်မှု များကိုပါ နည်းမျိုးစုံသုံး၍ ပိတ်ပင်တားဆီးမှုများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ၂။ ယခုအခါ အကျဉ်းထောင်များအတွင်းတွင်ပါ ကိုဗစ် ၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုများ မြင့်တက်လျက်ရှိပြီး အခြေအနေဆိုးရွားနေသည့်အပေါ် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ထိရောက် သည့် ကာကွယ်ထိန်းချုပ်မှုနှင့် ကုသမှုများ ဆောင်ရွက်ပေးနိုင်မှု မရှိသည့်အပြင် အကျဉ်းထောင်တွင်း အမျိုးမျိုး သော ဖိနှိပ်ချုပ်ချယ်မှုများကိုသာ ဆောင်ရွက်လျက်ရှိနေသောကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ မနက်တွင် အင်းစိန် အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်း သိမ်းခံထားရသည့် အကျဉ်း သား/သူများ၊ အချုပ်သား/သူများက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ၃။ ယင်းသို့ ဆန္ဒဖော်ထုတ်ခဲ့မှုအပေါ် အကြမ်းဖက်စစ်ကောင်စီက စစ်တပ်အင်အားသုံး၍ ဝင်ရောက် နှိမ်နင်းခဲ့ပြီး ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အကျဉ်းသား/သူများ၊ အချုပ်သား/သူများကို လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုများ၊ သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ထိတ်လန့်တုန်လှုပ် ဖွယ်ရာ သတင်းများကိုလည်း ကြားသိနေရသည်။ ၄။ အကျဉ်းသား/သူများ၊ အချုပ်သား/သူများကို လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု စီမံ ဆောင်ရွက်ပေးမှု မရှိခြင်း၊ မိသားစုဝင်များနှင့် အဆက်အသွယ်ဖြတ်တောက်ထားခြင်း၊ အင်အားသုံး နှိမ်နင်းခြင်း၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းဖြစ်စဉ်အပေါ် သတင်းမီဒီယာ များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို လေ့လာခွင့်မပြုဘဲ သတင်းထိမ်ချန် ကွယ်ဝှက်ထားခြင်း များသည် အလွန်ဆိုးဝါးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သည့်အပြင် ရာဇဝတ်မှုမြောက် သည့် လုပ်ရပ်များဖြစ်သဖြင့် အဆိုပါလုပ်ရပ်များနှင့် နောက်ဆက်တွဲဆိုးကျိုးများအတွက် အာဏာ သိမ်း အကြမ်းဖက်စစ်ကောင်စီနှင့် အကျဉ်းထောင်တာဝန်ရှိသူများတွင် အပြည့်အဝ တာဝန်ရှိပြီး၊ အပြည့်အဝ တာဝန်ယူရမည်။ ၅။ အကျဉ်းထောင်တာဝန်ရှိသူများအနေဖြင့် အကျဉ်းသား/သူများ၊ အချုပ်သား/သူများ၏ အခြေခံလူ့အခွင့်အရေးများဖြစ်သော လုံလောက်သည့်ဆေးကုသခွင့် လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင် နိုင်ခွင့်နှင့် လွတ်လပ်စွာ အသက်ရှင်သန်ခွင့်များကို အမြန်ဆုံးထိရောက်စွာ ကာကွယ်ပေးရန် လိုအပ် သည်။ ၆။ ယခုဖြစ်ရပ်များနှင့် ပတ်သက်၍ သတင်းအချက်အလက်များ၊ သက်သေအထောက်အထား များ ရရှိပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၏ https://mohai.nugmyanmar.org (ဆက်သွယ်ရန် ကဏ္ဍ) သို့ ဆက်သွယ်ပေးပို့ကြပါရန်နှင့် ယခု ကဲ့သို့ အကျဉ်းသား/သူများ၊ အချုပ်သား/သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်စဉ်များ နှင့်စပ်လျဉ်း၍ ကျူးလွန်ခံရသူများ၏ ထိခိုက်နစ်နာမှုများကို ပြန်လည် ကုစားပေး နိုင်ရေးနှင့် ကျူးလွန်သူများကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ ပုံ လွင်ကိုလတ် ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ..."

Source/publisher: 

Ministry of Home Affairs and Immigration - Myanmar

Date of Publication: 

2021-07-24

Date of entry: 

2021-10-07

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

186.88 KB

Resource Type: 

text

Text quality: 

    • Good