လွတ်လပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရှိ ဆိုးရွားလာသောပဍိပက္ခအခြေအနေများအတွက် ထိရောက်ခိုင်မာသည့် အရေးယူဆောင်ရွက်မှုများလုပ်ဆောင်ရန် တောင်းဆိုခြင်း။

Description: 

"ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တင်ပြခဲ့သည့် မြန်မာနိုင်ငံရှိ စိတ်ကြေကွဲစရာအခြေအနေများနှင့် အားကောင်းသော သတင်းစကားများကို ကြားသိခွင့်ရခဲ့သည်။ဤအရေးပါသော နောက်ဆုံးဖြစ်ပေါ်လျက်ရှိသော အခြေအနေများကို အချိန်ပေးနားထောင်ပြီး ပြတ်သားသော အရေးယူမှုများပြုလုပ်နိုင်ရန် ပူးပေါင်းပေးပါ။ အရေးယူမှုများကို ချက်ချင်းမလုပ်ဆောင်ပါက မြန်မာနိုင်ငံရှိကလေးများသည် အနာဂတ်ပျက်သုဉ်းတော့မည်ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး စစ်အာဏာရှင်ရဲ့ သွေးချောင်းစီးသော အာဏာသိမ်းရန်ကြိုးပမ်းခဲ့ကတည်းက အကြမ်းဖက်စစ်အုပ်စုသည် အပြစ်မဲ့ ကလေးသူငယ် ၈၀၀ ကျော်ကို သတ်ဖြတ်ခဲ့ခြင်း၊ ကလေးပေါင်း ၃၈၀ ကျော်ကို နိုင်ငံရေးအကျဉ်းသားများအဖြစ် မတရားဖမ်းဆီးချုပ်နှောင်ထားခြင်း၊ မိဘများကို ဖိအားပေးဖို့ရန်အတွက် သူတို့၏ကလေး ၅၁ ယောက်ကို ဓားစာခံများအဖြစ် ဖမ်းဆီးထားခြင်း၊ ကလေးပေါင်း ၆၆၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရခြင်း၊ ၅.၈ သန်းကျော်သော် ကလေးများ အသက်ကယ်အကူအညီများလိုအပ်ခြင်းနှင့် ကလေး သန်းပေါင်းများစွာ ပညာသင်ယူဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ရသည်။ မဖော်ပြနိုင်လောက်အောင် ဆိုးရွားသည့် အကျပ်အတည်းများအတွက် ညင်သာသောဖြေရှင်းနည်းလမ်းများမဟုတ်ပဲ အပြည်ပြည်ဆိုင်ရာ သက်ဆိုင်ရာအဖွဲ့အစည်းများမှ အောက်ပါကဏ္ဍများတွင် ပြင်းထန်ခိုင်လုံသော အရေးယူမှုများလုပ်ဆောင်ရန် အရေးကြီးပါသည်။ ဘဏ္ဍာရေး/ ငွေကြေး - လူမျိုးတုံးသတ်ဖြတ်နေသော အကြမ်းဖက်စစ်အုပ်စုအပေါ် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာငွေစီးဆင်းမှုများကို ဖြတ်တောက်ပေးပါ။ ၎င်းဘဏ္ဍာငွေများက စစ်တပ်၏ တိုက်လေယာဉ်များအတွက် လောင်စာဆီများနှင့် ဗုံးစက်ရုံကို အထောက်အကူပစ္စည်းများ ထောက်ပံ့ပေးခြင်းဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုအတွက် ငွေကြေးလဲလှယ်ပေးသော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအဖွဲ့အစည်းများအပေါ် အမေရိကန်နိုင်ငံမှ အရေးယူဒဏ်ခတ်ပိတ်ဆို့သကဲ့သို့ အခြားသော အပြည်ပြည်ဆိုင်ရာနိုင်ငံများကလည်း ပူးပေါင်းပါဝင်ပေးပါ။ အကြမ်းဖက်စစ်အုပ်စု၏ အဓိက ဝင်ငွေအရင်းအမြစ်များထဲမှ တစ်ခုဖြစ်သော MOGE ကို အရေးယူဒဏ်ခတ်ပိတ်ဆို့ရာတွင် ဥရောပသမဂ္ဂနှင့်အတူ ပူးပေါင်းပါဝင်ပေးပါ။ အကြမ်းဖက်စစ်ကောင်စီကို အဓိက ဘဏ္ဍာရေးထောက်ပံ့ပေးသူများနှင့် လက်နက်များစီးဆင်းမှုကို ဖြတ်တောက်သည့် အခြားနိုင်ငံများနှင့်အတူ ပူးပေါင်းပေးပါ။ လက်နက်များ - လူမျိုးတုံးသတ်ဖြတ်သော စစ်တပ်လက်ထဲသို့ အပြည်ပြည်ဆိုင်ရာမှ လက်နက်စီးဆင်းမှုကို ဖြတ်တောက်ပေးပါ။ အကြမ်းဖက်စစ်ကောင်စီပိုင်ဆိုင်ထားသည့် လက်နက်ပိုများလာသည်နှင့်အမျှ အပြစ်မဲ့သူများ အသက်ဆုံးရှုံးမှု ပိုမိုများပြားမည်ဖြစ်သည်။ အကြမ်းဖက်စစ်တပ်၏ လက်နက်ထုတ် စက်ရုံများကို ပိတ်ပင်ပေးပြီး ဗုံးစက်ရုံများကိုလည်း ဖြိုဖျက်ပေးပါ။ တရားဝင်မှု - မိမိတို့ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်သည့် အကြမ်းဖက်စစ်အုပ်စု၏ တရားဝင်မှုရယူရန် ကြိုးပမ်းခြင်းကို လျစ်လျူရှုပေးပါ။ အကြမ်းဖက်စစ်ခေါင်းဆောင်များနှင့် သံတမန်ရေးရာ ချိတ်ဆက် ဆက်ဆံမှုအားလုံးကို ဖြတ်တောက်ပေးပါ။ အကြမ်းဖက်စစ်ခေါင်းဆောင်များက မြန်မာပြည်သူများကို မည်သည့်အဆင့်တွင်မှ ကိုယ်စားပြုရန် မထိုက်တန်ပါ။ ဤလူမျိုးတုံးသတ်ဖြတ်သည့် အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ကျူးလွန်သော လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သည့် ရာဇဝတ်မှုများအတွက် အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်ပြီး ထောင်ဒဏ်များ ကျခံရမည်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံပြည်သူများသည် နိုင်ငံအတွင်းသာမက ဒေသတစ်ခုလုံးတွင် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုပြန်လည်ထူထောင်နိုင်ရန်အတွက် အောက်ပါအကူအညီများ အရေးတကြီး လိုအပ်လျက်ရှိသည်။ အရေးယူဒဏ်ခတ်ပိတ်ဆို့ခြင်း - အကြမ်းဖက်စစ်အုပ်စုအပေါ် ပြင်းထန်သော ပစ်မှတ်ထားအရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ နိုင်ငံတကာမှညှိနှိုင်းပြုလုပ်ပေးပါ။ အသိအမှတ်ပြုခြင်း - မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို အသိအမှတ်ပြုပေးပါ။ ထောက်ပံ့ခြင်း - လူမျိုးတုံးသတ်ဖြတ်သည့် စစ်အာဏာရှင်စနစ်ကို ရဲရင့်စွာ တော်လှန်တိုက်ခိုက်နေကြသည့် မြန်မာပြည်သူများကို ထောက်ပံ့ပေးပါ။ မြန်မာနိုင်ငံနှင့် ဒေသတွင်းတစ်ခုလုံးအတွက် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ဆီဦးတည်သော တစ်ခုတည်းသောလမ်းကြောင်းဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတိုက်ပွဲတွင် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးပါ။ လွန်ခဲ့သော ၂၇ လအတွင်းတွင် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်သော လူသားမျိုးနွယ်ကို ဆန့်ကျင်သည့်ရာဇဝတ်မှုကို မြန်မာနိုင်ငံသားများက ခါးစီးခံစားခဲ့ကြရသည်။ ဤကဲ့သို့ရာဇဝတ်မှုများကို ခံစားခဲ့ကြရခြင်းသည် ပြည်သူများ၏ လုပ်ရပ်ကြောင့်မဟုတ်ပဲ လွတ်လပ်မှု၊ ဖက်ဒရယ်ဒီမိုကရေစီအပေါ် ယုံကြည်ခြင်းနှင့် တရားမဝင်စစ်အာဏာရှင်များနှင့် ၎င်းတို့၏ အကြမ်းဖက်မှုများကို လက်ခံရန်ငြင်းဆန်ခြင်းကြောင့်ဖြစ်သည်။ ရာဇဝတ်မှုများကို မြေမြှပ်ပြီး မြန်မာပြည်သူများ ငြိမ်းချမ်းစွာ၊ သိက္ခာရှိစွာနှင့် လွတ်လပ်စွာ နေထိုင်နိုင်မည့် အနာဂတ်အတွက် အတူတကွ ခိုင်မာစွာရပ်တည်ရန် တိုက်တွန်းလိုပါသည်။ အားလုံးအတူတကွ ပေါင်းစည်းလုပ်ဆောင်ခြင်းဖြင့် တရားမျှတပြီး ပိုမိုတောက်ပသောအနာဂတ်နှင့် ထိုက်တန်သောမြန်မာပြည်သူ ၅၄ သန်းအတွက် မျှော်လင့်ခြင်းနှင့် ပြောင်းလဲခြင်းများယူဆောင်ပေးကြရန် တိုက်တွန်းလိုပါသည်။ လေးစားစွာဖြင့် ဒေါက်တာဆာဆာ ပြည်ထောင်စုဝန်ကြီး အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ..."

Source/publisher: 

Ministry of International Cooperation Myanmar

Date of Publication: 

2023-07-12

Date of entry: 

2023-07-13

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

271.78 KB

Resource Type: 

text

Text quality: 

    • Good