H.E.Dr Sasa' address to the Parliamentarians of the French Republic - H.E ဒေါက်တာဆာဆာ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးပြည်ထောင်စုဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူမှ ပြင်သစ်သမ္မတနိုင်ငံ၏ ပါလီမန်အမတ်များထံသို့ ပန်ကြားချက်

Description: 

"မင်္ဂလာပါ။ လေးစားအပ်ပါသော သဘာပတိကြီးနှင့်တကွ ပြင်သစ်ပါလီမန်အဖွဲ့ဝင်များနှင့် ပြင်သစ်အမျိုးသား ညီလာခံ အဖွဲ့ဝင်များခင်ဗျာ၊ မြန်မာပြည်သူလူထုကို ကိုယ်စားပြုနိုင်ရန်အတွက် ကျွန်ုပ်အား ယခုကဲ့သို့ အခွင့်အရေးပေးသည့်အတွက် ကျွန်ုပ်အနေဖြင့် မြန်မာပြည်သူလူထု ကိုယ်စားအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။ ရဲရင့်သောမြန်မာပြည်သူများနှင့် မြန်မာနိုင်ငံ၏ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြင်သစ်သမ္မတနိုင်ငံတော်၏ ပြည်သူများ၊ ပါလီမန်အမတ် များနှင့် ပြင်သစ်အစိုးရမှ မြန်မာ့သမိုင်း၏ အရေးကြီးသော အခိုက်အတန့်တွင် မြန်မာပြည်သူများနှင့် အတူရပ်တည်ပေးကြသည့်အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ယခုအချိန်ကာလသည် မြန်မာနိုင်ငံသမိုင်း တစ်လျှောက်တွင် အမှောင်မိုက်ဆုံးအချိန်နှင့် အရေးပါဆုံးသောကာလ ဖြစ်ပါသည်။ ကျွန်ုပ်တို့တိုင်းပြည်၏ ကံကြမ္မာနှင့် အနာဂတ်သည် ဟန်ချက်ညီအောင် ထိန်းသိမ်းနေစဉ် ပြင်သစ်သမ္မတနိုင်ငံရှိ ပြည်သူများ၊ ပါလီမန်အမတ်များ၊ ပြင်သစ်အစိုးရနှင့် ၎င်း၏အပြည်ပြည် ဆိုင်ရာမဟာမိတ်အဖွဲ့အစည်းများ၏ ခိုင်မာသော စဥ်ဆက်မပျက် ထောက်ခံ အားပေးမှုသည် မြန်မာနိုင်ငံ၏ ကြီးမားသော ကံဆိုးမိုးမှောင်ကျမှုနှင့် အကြမ်းဖက်အုပ်ချုပ်ခြင်းများမှ လွတ်မြောက် နိုင်ရန် မရှိမဖြစ် အလွန်အရေးကြီးပါသည်။ ရဲစွမ်းသတ္တိရှိသော မြန်မာပြည်သူ ၅၄ သန်းသည် ရက်စက်ကြမ်းကြုတ်သော စစ်ဗိုလ်ချုပ်များနှင့် သူတို့၏အုပ်ချုပ်မှုအောက်တွင် နှစ်ပေါင်းများစွာကတည်းက ယခုအချိန်အထိ ညှင်းပန်းနှိပ်စက်မှုအမျိုးမျိုးကို ခါးစီးခံစားခဲ့ကြရပြီး သူတို့၏ မျှော်လင့်ချက်များ၊ မျှော်မှန်းချက်များနှင့် အိပ်မက်များကိုအကောင်အထည်ဖော်ဆောင်ရာတွင် ပြင်သစ်သမ္မတနိုင်ငံရှိ ပြည်သူများ၊ ပါလီမန်အမတ်များနှင့် ပြင်သစ်အစိုးရတို့၏ ပူးပေါင်းဆောင်ရွက်မှု၊ ခင်မင်ရင်းနှီးမှုနှင့် ထောက်ခံအားပေးမှုများကို ယခင်အချိန်များထက် ပိုမိုလိုအပ်နေပါသည်။..."

Source/publisher: 

Ministry of International Cooperation Myanmar

Date of Publication: 

2021-06-23

Date of entry: 

2021-06-25

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

1.29 MB

Resource Type: 

text

Text quality: 

    • Good